လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေတဲ့ စိုင်းစိုင်းနဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဓာတ်ပုံတွေ

ချစ်စရာ ကောင်မလေးတစ်ယောက်နဲ့အတူတူ တွဲရိုက်ထားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံလျက်ရှိပြီး သူရဲ့ ပရိသတ်တွေကြား လှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဆိုတာ မြန်မာနိုင်ငံရဲ့ ပရိသတ်အများဆုံး အထူးသဖြင့် မိန်းကလေးတွေကြား ရေပန်းအစားဆုံး အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ အောင်မြင်မှုကို ဆယ်စုနှစ်တစ်ခုကျော် ထိန်းသိမ်းထားနိုင်ပြီး ယနေ့ထိအောင်မြင်နေတဲ့ သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ လက်ရှိ SAI Cosmetic ဟာလည်း အောင်မြင်လျက်ရှိပါတယ်။ ယခုလို အောင်မြင်မှုကြီးမားတဲ့ အနုပညာရှင်တစ်ယောက်ဟာ ငယ်ငယ်ချောချော မိန်းမလှလေးနဲ့အတူ တရင်းတနှီးတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ် ရောက်ရှိလာတဲ့အခါမှာတော့ ထိုမိန်းကလေး ဘယ်သူလည်းဆိုတာ သိချင်သူတွေ များလို့လာပါတယ်။

ထို မိန်းကလေးနာမည်ကတော့ ဧရီရယ်လ် သုတ ဖြစ်ပါတယ်။ Areil Thuta ဆိုတဲ့ နာမည်နဲ့ Fan Page တစ်ခုရှိပြီး သူမကိုသူမ ငယ် လို့ သုံးနှုံးပါတယ်။ အစကတော့ သူမကို စိုင်းစိုင်းရဲ့ ရည်းစားဆိုပြီး ပရိသတ်တွေက ထင်မှားခဲ့ကြပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ

"with my beautiful cousin !!

တစ်ညလုံး တစ်မှေးမှမအိပ်ရသေးပဲ ဓာတ်ပုံရိုက်ဖို့ရောက်လာတဲ့အခါ

Zzzzzzzz

#SAIaroundtheworld"

ဆိုပြီး ရေးသားကာ ဓာတ်ပုံတင်လိုက်မှ မောင်နှမ တဝမ်းကွဲတွေမှန်း သိလိုက်ရတာပါ။ အခုတော့ ဧရီရယ်လ်သုတ လေးက စိုင်းစိုင်းရဲ့ ညီမလေးဆိုပြီး ပရိသတ်တွေကြား နာမည်ကြီးနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ Australia နိုင်ငံ Sydney သို့ရောက်ရှိနေပြီး Samsung Commercial အတွက် ရောက်ရှိနေတာ ဖြစ်ကြောင်း သူမရဲ့ လူမှုစာမျက်နှာ ရေးသားဖော်ပြထားပါတယ်……

ကဲ မောင်နှမတွေပါတဲ့ ပရိသတ်တွေလည်း စိတ်မပူကြနဲ့နော်……

Source: Local Celebritis

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။