အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်အတွင်းက စတိုးဆိုင် တစ်ခုမှာတော့ ဆိုင်ဝန်ထမ်းတစ်ဦးကို ထိတ်လန့်မှုတွေများစွာဖြစ်ပေါ်စေခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

၎င်းဆိုင်ဝန်ထမ်းဟာသူတို့ဆိုင်ကိုရောက်ရှိလာတဲ့ လှူဒါန်းပစ္စည်းတွေကို စီစစ်နေတုန်းမှာ သူမတွေးထားမိတဲ့ သတ္တဝါတစ်ကောင်ကို လှူဒါန်းပစ္စည်းတွေကြားမှာ တွေ့ရှိခဲ့ရတာကြောင့် ထိတ်လန့်မှုတွေများစွာဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။  

၎င်းဆိုင်ဝန်ထမ်းတွေ့ရှိခဲ့တာကတော့ အဝါရောင်အကွက်တွေနဲ့ စပါးကြီးမြွေတစ်ကောင်ဖြစ်ပြီး လှူဒါန်းပစ္စည်းတွေထဲက စက္ကပုံးကိုဖွင့်လိုက်တဲ့အချိန်မှာ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီမြွေကြီးဟာ အမှတ်တမဲ့ကြည့်လိုက်ရင် အရုပ်နဲ့တူသလိုရှိပေမယ့် ခေါင်းကြီးကိုလှုပ်ရမ်းပြနေတာကြောင့် သူ့ကိုအရမ်းထိတ်လန့်သွားစေခဲ့တာပါ။

ဒီမြွေကြီးဟာ စက္ကူပုံးထဲကို ဘယ်လိုရောက်လာတယ်ဆိုတာ မသိရှိရပေမယ့် ဒီမြွေကြီးကို ဘယ်သူထည့်ထားသလဲဆိုတာသိရဖို့အတွက် ရဲတပ်ဖွဲ့ကတော့ စုံးစမ်းမှုတွေပြုလုပ်နေပါတယ်လို့သိရပါတယ်။  

source - New York Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။