အမိုက်စားတိုက်ကွက်တွေနဲ့ ပြည်တွင်းပရိသတ်တွေကိုသာမက ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားတွေကို တုန့်လှုပ်စေခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ပွဲကောင်းတွေကို ပရိသတ်တွေလည်း အကြိုက်တွေ့စေခဲ့မယ်ထင်ပါတယ်။ လက်ရှိ ခါးပတ်နှစ်ခု ကမ္ဘာ့ချန်ပီယံဂုဏ်ကိုထိန်းသိမ်းထားနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် ပြည်တွင်းပြည်ပလက်ဝှေ့ဖိုက်တာများစွာရဲ့ ရှေ့ဆောင်လမ်းပြဖိုက်တာတစ်ဦးအဖြစ် ရပ်တည်နေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

အောင်လအန်ဆန်းကတော့ လက်ရှိမိသားစုရှိရာကို ပြန်လည်ရောက်ရှိနေပြီး ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးကာ မကြာမီယှဉ်ပြိုင်မည့် ပြိုင်ဘက်ကောင်းတစ်ယောက်ကိုစောင့်မျှော်လျှက်ရှိကြောင်း သိရပါတယ်။ မကြာသေးမီက အောင်လအန်ဆန်းကတော့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် အမိုက်စားသေနတ်ပစ်ခတ်မှုဗီဒီယိုဖိုင်ကိုပြသထားတာတွေ့ရပါတယ်။  

အဆိုပါ သေနတ်ပစ်ခတ်မှုကတော့ သူငယ်ချင်းတွေနဲ့အတူ သွားရောက်ခဲ့တာဖြစ်ပြီး အောင်လရဲ့ အမိုက်စားပစ်ချက်တွေက ပရိသတ်ကို အံ့အားသင့်စေမှာအမှန်ပဲဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုင်လေးကတော့ အောင်လအန်ဆန်းရဲ့ My Day မှာတင်ထားတဲ့ ဗီဒီယိုဖိုင်လေးဖြစ်ပြီး လက်ရှိကြည့်ရှု့သူ သန်းချီရှိခဲ့တာတွေ့ရပါတယ်။ ချစ်ပရိသတ်တေအတွက် အောင်လအန်ဆန်းရဲ့ သေနတ်ပစ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။