မြန်မာနိုင်ငံရဲ့ အဖိုးတန်တဲ့ ပစ္စည်းတစ်ခု ဖြစ်တဲ့ သနပ်ခါးဟာဆိုရင် မြန်မာ အမျိုးသမီးတွေကြိုက်ကြတဲ့ လိမ်းခြယ်စရာပစ္စည်းတစ်ခု အဖြစ် အသုံးပြုတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝမိတ်ကပ်တစ်ခု အဖြစ် လူကြိုက်များပြီး နိုင်ငံတကာမှာပါ အလှအပဆိုင်ရာပစ္စည်းတစ်ခု အဖြစ် အသိမှတ်ပြုခံထားရတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀)ကျော်ကတည်းက မြန်မာအမျိုးသမီးတွေ ခုံမင်စွာ လိမ်းလာတဲ့ သနပ်ခါးမှာဆိုရင် အံ့မခန်းကောင်းကျိုးအစွမ်းတွေ အများကြီးရှိလို့နေပါတယ်။

သနပ်ခါးမှာဆိုရင် ဗီတာမင် E ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို နူးညံ့ချော့မွေ့စေပါတယ်။ ရှင်မတောင်သနပ်ခါးဟာဆိုရင် နှစ်သက်စွဲမက်ဖွယ် မွှေးရနံ့ကို ပေးစွမ်းနိုင်တာကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်တန်ဖိုးထားရတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ လိမ်းလိုက်ရင် အသားအရေလေးကို စိုပြည်ဝင်းလက်နေစေတဲ့ ရွှေဘိုသနပ်ခါးဟာလည်း မြန်မာ အမျိုးသမီးတွေရဲ့ အသည်းစွဲ ဖြစ်ပါတယ်။

အရမ်းကို ထူးခြားကောင်းမွန်တဲ့ သနပ်ခါးဟာဆိုရင် မြန်မာ အမျိုးသမီးလေးတွေ အတွက်တော့ အံ့မခန်းတဲ့ ဆေးတစ်မျိုးပါပဲနော်..။သနပ်ခါးဟာဆိုရင် နေလောင်ကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေ ညိုမဲ ပျက်စီးခြင်းတွေကို ကုသနိုင်ပြီး အသားအရေကို ဝင်းလက်နေစေပါတယ်။ဒါပြင် အရေပြားယားယံခြင်း၊ ဓာတ်မတည့်ခြင်းတို့ အတွက် သနပ်ခါးကို ဆားနဲ့ ရောပြီး လိမ်းပေးမယ်ဆိုရင် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

သနပ်ခါးဟာဆိုရင် ဝက်ခြံ တွေကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးထဲ ဖြစ်ပါတယ်။ သနပ်ခါးကို ညဘက်အိပ်ယာမဝင်ခင် မျက်နှာပေါ်မှာလိမ်းအိပ်မယ်ဆိုရင် မျက်နှာလေးကို ချော့မွေ့ ကြည်လင်စေနေမှာ ပဲ ဖြစ်ပါတယ်။ အဆီပြန်သူတွေ အတွက်တော့ သနပ်ခါးဟာ အရမ်းကို သင့်တော်တဲ့ အလှပြင် သဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ သနပ်ခါးကို မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတို့မှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။ သနပ်ခါးချစ်တဲ့ သနပ်ခါးရဲ့ ကောင်းကျိုးလေးတွေကို သိရှိပြီး ဖြစ်လို့ အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်။

Source:mandanaturals.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။