လက်ရှိနိုဝင်ဘာလမှာထွက်ရှိခဲ့တဲ့ အကြိမ်(၂၀)မြောက် မြန်မာ့အောင်ဘာလေကံထူးရှင်များစွာကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာကိုအားလုံးလည်း သိရှိကြမယ်ထင်ပါတယ်။ အဆိုပါ ကံထူးရှင်တွေထဲမှာ ကံတရားရဲ့ မျက်နှာသားပေးမှုကို ရရှိခဲ့ပေမယ့် ပျော်ရွှင်မှုတွေဖြစ်မလာတော့တဲ့ ကံထူးရှင်တစ်ယောက်ရဲ့ဖြစ်ရပ်ကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါပြီ။ 

အဆိုပါ ကံထူးရှင်ကတော့ တပ်ကုန်းမြို့မှာနေထိုင်တဲ့ ကိုကိုလေးဆိုသူပဲဖြစ်ပါတယ်။ ၎င်းကတော့ သိန်း၅ထောင်ဆုကြီးကိုကံထူးခဲ့တာဖြစ်ပေမယ့် သားဖြစ်သူရဲ့ ဆော့ကစားမှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး

" တပ်ကုန်းမြို့သို့ (8.10.2018)နေ့ ကျွန်တော်ရယ်

ကိုကိုလေးရယ် သြင်္ကန်မိုးရယ် လှိုင်းထက်အောင်ရယ်

လေးဦးသား လဝက ရုံးကိုသွားရင်း ကိုကိုလေးမှ

မိုးယံ ထီဆိုင်ခွဲမှနှစ်စောင်တွဲ တစ်ဆောင်ဝယ်ပြီး

အိမ်ရောက်လျှင် ဖခင်ကိုအပ်နှံရာ ဖခင်မှသူဇနီးဒေါ်မြ

အေးသို့ တဆင့်ပြန်အပ်လိုက်ပြန်တယ် …

ဒေါ်မြေအေးမှ ၎င်းထီလက်မှတ်ကိုဗီရိုပေါ်အမှတ်တမဲ့

တင်ထားလိုက်တယ်

(2.11.2018) နေ့ညနေပိုင်းမှာ တပ်ကုန်းထီဆိုင်မှ

09 775188340 ဖုန်းသို့ ကိုကိုလေး ဟုတ်ပါသလား

စိတ်ခိုင်ခိုင်ထားပါ ထီပေါက်ပါတယ် …

အထူးဆု ဒုတိယဆုကြီး(သိန်း ၅၀၀၀)ပေါက်ကြောင်း ဖုန်းနဲ့ ဆက်သွယ်ပါတယ် …

ထီပေါက်လို့ ဖြတ်ပိုင်းရှာတော့ ရှာလို့ကမတွေ့တော့

အိမ်တွင်း အိမ်ပြင်ဝိုင်းတွင်း အနှံ့ရှာတော့(3.11.2018)

နေ့မှာတစ်ရွက် မနေ့က (4.11.2018)နေ့မှာ တစ်ရွက်ထပ်

တွေ့ ပြန်တယ်။ တွေ့ပြန်တော့လည်း အောက်ကပုံပါအတိုင်း ပျက်စီးကြွေမွ

လျှက်ပြန်တွေ့တယ်" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။  

ပျက်စီးခြင်းကိုမေးမြန်းစုံစမ်းရာ ထီပေါက်သူကိုကိုလေးရဲ့ဇနီး မဌေးဝင်းရဲ့တူမ ဌေးမြင့်ရဲ့သားမောင်လင်းလင်းထက် ၇ တန်းကျောင်းသားမှသီတင်းကျွတ်အခါ ကျောင်းပိတ်ရက်မှာအဖိုးအဖွားများကျောင်းသီလယူသွားနေစဉ် ဗီဒိုပေါ်ရှိထီလက်မှတ်နှစ်စောင်ကို ကပ်ကျေးဖြင့်ညှပ်ပြီးကစားပစ်ခြင်း ဖြစ်ကြောင်းဖွင့်ဟ

ပြောကြားခဲ့ကြောင်းသိရပါတယ်။ ထီဆိုင်မှပေးသောကိုကိုလေးထိုးသော ထီဆိုင်မှကိုကိုလေးဖုန်းသို့ဆက်ပြီးပြောသော ထီလက်မှတ်နံပါတ်မှာ ကဌ ၁၇၉၉၅၆ ဖြစ်ပြီး ထီကြီးရဲ့အထူး ဒုတိယဆု တစ်ဆုဖြစ်ကြောင်းသိရပါတယ်။ ဝမ်းနည်းကြွေကွဲစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သလို ပရိသတ်တွေလည်း ဥပမာယူကာ သတိပြုနိုင်ရန် ထီပေါက်သူမိသားစု ဗီဒီယိုဖိုင်လေးနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Vedio - မာံသုခ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။