လက်စတာအသင်းပိုင်ရှင်ဝီချိုင်းကတော့ရဟတ်ယာဉ်မတော်တဆပျက်ကျမှုကြောင့်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီဖြစ်စဉ်မှာတော့ဝီချိုင်းနဲ့တူတူရဟတ်ယာဉ်ပေါ်၅ယောက်ပါဝင်သွာခဲ့ပြီးအသက်ဆုံးရှုံးခဲ့ရတာပါ။မိသားစုတွေအပါအဝင်ကစားသမားပရိတ်သတ်တွေအကုန်လုံးနဲ့စိတ်မကောင်းဖြစ်နေကြတာပါ။ 

လက်စတာအသင်းသားတွေနဲ့ပရိတ်သတ်တွေကလည်းစိတ်မကောင်းဖြစ်နေကြပေမယ့်အကောင်းဆုံးပွဲတွေကိုယှဉ်ပြိုင်ကစားခဲ့တာပါ။ခုမှာတော့လက်စတာအသင်းသားတွေကမိုင်ပေါင်း၆၀၀၀ကျော်ဝေးတဲ့သူတို့ရဲ့ပိုင်ရှင်ရဲ့နေရပ်ထိုင်နိုင်ငံသို့သွားပြီးဂါဝပြူဖို့ရောက်နေတာဖြစ်ပါတယ်။လက်စတာအသင်းကန်တဲ့ပွဲတွေမှာလည်းပရိတ်သတ်တွေကဝီချိုင်းရဲ့ပုံလေးတွေကိုကိုင်ဆောင်ပြီးအားပေးနေကြတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကိုမြင်တွေ့ခဲ့တဲ့ဂိုးသမားရှူမိုက်ကယ်ကလည်းသူ့တို့ရဲ့ပိုင်ရှင်အတွက်စိတ်မကောင်းဖြစ်နေတာပါ။ဝီချိုင်းကသူတို့အသင်းကိုပရီးမီးယားလိဒ်ပြိုင်ပွဲမှာချန်ပီယံဖြစ်အောင်ထောက်ပံ့ပေးနိုင်တဲ့အရေးပါတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဝီချိုင်းကတော့ကစားသမားတွေပရိတ်သတ်တွေနဲ့ရင်းရင်းနှီးနှီးရှိတာကြောင့်လည်းပရိတ်သတ်တွေစိတ်မကောင်းဖြစ်နေကြတာပါ။သူတို့အသင်းပိုင်ရှင်နဲ့နောက်ဆုံးခရီးလေးကိုမိုင်ပေါင်းများစွာကွာဝေးပေမယ့်နောက်ဆုံးအနေနဲ့လာရောက်ဂါဝရပြုကျတဲ့လက်စတာအသင်းသားတွေရဲ့ပုံရိပ်လေးတွေကိုလည်းမျှဝေပေးလိုက်ကပါတယ်။

Photo:Leicester City 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။