တကယ့်အဖြစ်အပျက်ပါ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာရှိတဲ့ မူရာ ကမ်းခြေမှာဖြစ်ခဲ့တာပါ။ မူရာကမ်းခြေဆိုတာ ဖြူလွင်လွင်သဲသောင်ပြင်နဲ့လှိုင်းလုံး လှိုင်းလိပ် အမြင့်ကြီးတွေကြောင့် နာမည်ကြီးနေတဲ့နေရာတစ်နေရာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလှိုင်းလုံးတွေ ဒီရေတက်လာတာတွေနဲ့ အတူ ပါလာတတ်တဲ့ သွေးစုတ်ဖုတ်ကောင်လေးတွေက ပိုပြီးတော့တောင်နာမည်ကြီးနေပါသေးတယ်။ ဒါ့ကြောင့် လာရောက်လေ့လာသူတွေလည်ပတ်သူတွေနဲ့ပြည့်နှက်နေတဲ့နေရာလေးပဲဖြစ်ပါတယ်။

သွေးစုတ်ဖုတ်ကောင်ဆိုပေမယ့် အကောင်လေးတွေကတော့သေးသေးလေးတွေပါပဲ။သူတို့ဟာလူတွေနဲ့အတော်ကိုဆင်တူပါတယ်။ ဒါပေမယ့် အဲ့အကောင်သေးသေးလေးတွေကထင်မထားလောက်အောင်အန္တရာယ်ပေးဂြိုလ်မွှေနိုင်စွမ်းတွေအပြည့်ရှိပါတယ်။ သူတို့ကလူတွေ တိရစ္ဆာန်တွေရဲ့သွေးကိုသောက်ပြီး သူတို့ကိုက်လိုက်တဲ့ သတ္တဝါရဲ့လှုပ်ရှားမှုကို ညွှန်ကြားထိန်းကျောင်းပစ်နိုင်ပါတယ်။ ပြဿနာသိပ်မရှိဘူးထင်ရပေမယ့် အဲ့အကောင်လေးတွေက လူကိုသတ်ပစ်နိုင်တဲ့အထိတောင် သတ္တဝါတွေရဲ့လှုပ်ရှားမှုကိုထိန်းချုပ်နိုင်တာပါ။

ဒါကြောင့် ဒီအကြောင်းတွေကို နိုင်ငံပိုင်သတင်းတွေမှာမဖော်ပြဘဲဖုံးဖိထားခဲ့ပါတယ်။ ဒါပေမယ် လူတွေကိုယ်တိုင်သဲသောင်ပြင်ပေါ် လျှာလေးထုတ်ပြီး ဟိုပြေး ဒီပြေးနဲ့ လျှောက်ပြေးနေတဲ့ ဒီသွေးစုတ်ကောင်လေးတွေကို တကယ်တွေ့ခဲ့ရတာပါ။ တစ်နေ့.. ဒေသခံတွေကသွေးစုတ်ကောင်လေးနှစ်ကောင်ကို တွေ့ပြီးဖမ်းကာ ဒေသခံ အထက်လမ်းဆရာဂျရိုမန်းကူးဆီကိုခေါ်ဆောင်လာခဲ့သတဲ့။ အဲ့အကောင်လေးတွေရဲ့မကောင်းတဲ့စိတ်တွေပျောက်အောင် လုပ်မယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် သူတို့ဘာမှမလုပ်ရသေးခင်မှာဘဲ ဖမ်းခေါ်လာခဲ့တဲ့ လူတွေထဲကနှစ်ယောက်ဟာ မေ့လဲကျ သွားခဲ့ရပါတယ်။

Source : indonesia.tripcanvas

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။