ထိပ်ကပ်နာ ဆိုတာလူတိုင်းတော့ မဖြစ်ပါဘူး။ ဘာကြောင့်ဖြစ်ရလည်းဆိုတာကတော့ နှာခေါင်းအတွင်း ပိုင်းမှာ ရှိတဲ့ အရိုးပွများဟာ ရောင်ရမ်းလာပြီး နှားခေါင်းအတွင်းမှာရှိတဲ့ ပိုးမွားနဲ့ နှာရည်များ ပိတ်စေပြီးခြင်းကြောင့် ဖြစ်ပွားလာတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ထိပ်ကပ်နာဟာ အသက်ရှှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတစ်ခု ဖြစ်ပြီးနှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်း၊ ကိုယ်အနည်းငယ်ပူခြင်း၊ ဖျားခြင်းစတဲ့ လက္ခဏာတွေကနေ စဖြစ်တတ် ပါတယ်။ 

ပြီးတော့ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ဖျားခြင်း၊ အချိန်ကြာအောင် နှာပိတ်နေခြင်း၊ မကောင်းတဲ့ အနံ့ တွေရနေခြင်း၊ သွားကိုက်ခြင်း၊ ပါးစောင်၊ မေးရိုး စသည်တို့နာလာခြင်း၊ ပါးရိုး၊ နှာခေါင်းထိပ်၊နဖူးရိုးများနာခြင်း တို့ကိုလည်း ခံစားကြရပါတယ်။တစ်ဆက်တည်းမှာလည်း ခေါင်းကိုက်ခြင်း၊ မျက်လုံးနာခြင်း၊ တို့ကိုလည်း ခံစား ရတတ်ပါတယ်။ကြာလာရင်တော့ အနံ့လုံးဝမရတော့ခြင်း၊ အပြင်အဆုတ်ရောင်၊ အဆုတ်ပွ၊ စတဲ့ရောဂါတွေကို လည်း ခံစားရလာမှာဖြစ်ပါတယ်။

ထိပ်ကပ်နာမဖြစ်အောင် နှာချေရင်လက်ကိုင်ပဝါ လက်သုတ်ပဝါ မျက်နှာသုတ်ပဝါ သောက်ရေခွက်စတာတွေကို သတ်သတ်စီခွဲသုံးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါကြောင့် နှာစေတာ ပိုကြာနေရင် ပေါ့ဆမထားပါနဲ့ သေချာဂရုစိုက်ပြီး ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြသတာအကြောင်းဆုံးဖြစ်ပါတယ်။

Source: Jolly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။