ယခုမျက်မှောက်ခေတ်ကာလမှာတော့ လူသားတွေဟာ စက်ရုပ်တွေကို အရင်ကထက်ပိုမိုတီထွင်လာနိုင်ကြပြီး တချို့နိုင်ငံတွေမှာဆို လုပ်ငန်းခွင်တွေမှာတောင် စက်ရုပ်အလုပ်သမားတွေကိုအသုံးပြုနေကြပါပြီ။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာဘ ၂ ရက်နေ့မှာဆိုရင်လည်း ပြင်သစ်နိုင်ငံမှာ French Street Theatre Group “La Machine” အဖွဲ့က ဧရာမ ပင့်ကူစက်ရုပ်ကြီးနဲ့ မီနိုတာအို စက်ရုပ်ကြီးတွေကို လမ်းပေါ်မှာပြသလာခဲ့ပါတယ်။ 

ဧရာမပင့်ကူစက်ရုပ်ကြီးကတော့ အမြင့်ပေ ၄၃ ပေအရွယ်ရှိပြီး ခြေထောက်တွေပါပေါင်းလိုက်မယ်ဆိုရင် ၆၅ ပေအမြင့်ထိရှိနေပါတယ်။

ဂရိဒဏ္ဍာရီထဲက မီနိုတာအို စက်ရုပ်ကြီးကတော့ ၄၆ ပေအမြင့်ရှိပြီး ၄၇ တန်တောင်လေးတဲ့စက်ရုပ်ကြီးတစ်ရုပ်ပဲဖြစ်ပါတယ်။

ဒီစက်ရုပ်ကြီးနှစ်ရုပ်ကိုတော့ ၂ နှစ်လောက်အချိန်ယူတည်ဆောက်ခဲ့ကြရပြီး လူသားတွေကထိန်းချုပ်မောင်နှင်ရတဲ့စက်ရုပ်ကြီးတွေပဲဖြစ်ပါတယ်။ 

ဒီစက်ရုပ်ကြီးနှစ်ရုပ်ကိုမောင်းနှင်ဖို့အတွက် ဒါဇန်နဲ့ချီတဲ့ထိန်းချုပ်မောင်းနှင်သူတွေလိုအပ်ပြီး မောင်းနှင်ပြသခဲ့တဲ့အခါမှာလည်း တကယ့်သက်ရှိအကောင်ကြီးတွေသဖွယ် မောင်းနှင်ပြခဲ့တာကြောင့် စိတ်ဝင်တစားရဲ့ရပ်ကြည့်နေကြတဲ့လူတွေကအများကြီးမှအများကြီးပါပဲ။

ဒီစက်ရုပ်ကြီးတွေမောင်းနှင်ပြသထားတဲ့ ဗီဒီယိုတွေပါထည့်သွင်းဖော်ပြပေးထာတာဆိုတော့ ပရိသတ်ကြီးရေ စိတ်ဝင်တစားနဲ့ ကြည့်ရှုလိုက်ကြပါဦးနော်။

Ref DVB and Euronews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။