Myanmar Idol ဟာ တပတ်ကို တမျိုး မရိုးအောင် ပရိသတ်တွေကို စိတ်လှုပ်ရှားမှုတွေပေးနေပါတော့တယ်။ မအူပင်က လာတဲ့ ရဲနောင်ဟာ ပရိသတ်တွေ အားပေးမှုကို အခိုင်အမာရထားသော်လည်း ကံမကောင်းမှုကြောင့် အစီအစဉ်ကနေ နှုတ်ထွက်ခဲ့ရပါတယ်။ ဒီအပတ်မှာတော့ ထွက်သွားတဲ့ သူတွေ အားလုံး ထဲက တစ်ယောက်ပြန်ဝင်လာနိုင်ကြေးရှိတဲ့ Wild Card ကို ရဖို့အတွက် သူ့ပရိသတ် ကိုယ့်ပရိသတ် လုပြီး voting ပေးနေကြတဲ့ အထဲမှာယခုလိုမျိုးသတင်းတွေထွက်လာတာဖြစ်ပါတယ်။

ပြိုင်ပွဲက ထွက်ခွာသွားပြီးနောက်ရဲနောင်တစ်ယောက် မအူပင်ကို ပြန်သွားခဲ့ပြီး ပရိသတ်အမြောက်အများကလည်း ကြိုဆိုခဲ့ကြပါတယ်။ သို့သော်လည်း သူ့ရဲ့ ဖေ့ဘွတ်အကောင့်မှာတော့ Yangon ဆိုတဲ့ location ကြီးနှင့် သူရန်ကုန်ပြန်ရောက်နေတာကိုတွေ့ရပါတယ်။ သူ့ရဲ့ပရိသတ်တွေကလည်း comment တွေ ဝိုင်းပေးထားတာကိုတွေ့ရတော့ ရဲနောင်တစ်ယောက်တကယ်ကိုပဲ Wild Card ရသွားလို့ပြန်လာတာလား?

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။