ကမ္ဘာ့အလည်မှာ မြန်မာဆိုတဲ့နာမည်တစ်ခုရရှိဖို့ဆိုတာ တစ်ဦးတစ်ယောက်ကောင်းရုံနဲ့မလုံလောက်ပဲ လူတိုင်းကောင်းမှသာရရှိနိုင်တာကိုတော့အားလုံးလည်းသိမယ်ထင်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ကမ္ဘာ့နိုင်ငံအသီးသီးကစောင့်ကြည့်လေ့လာနေပြီး ချီးကြူးမှုတွေနဲ့အတူ အပြစ်တင်ဝေဖန်မှုတွေများစွာကိုလည်း နေ့စဉ်ပြောဆိုလေ့ရှိကြတာတွေ့ရပါတယ်။  

အဆိုပါ ဝေဖန်မှုတွေထဲမှာဆိုးသွမ်းတဲ့ ဖြစ်စဉ်တစ်ခုကတော့ မကြာသေးမီကဖြစ်စဉ်ခဲ့တာတွေ့ရပါတယ်။ ၎င်းဖြစ်စဉ်ကတော့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ပေါ်မှာ အခမဲ့လှူဒါန်းထားတဲ့ ထီးအလက် ၄၀၀ကျော်ပျောက်ဆုံးခဲ့မှုပဲဖြစ်ပါတယ်။ မကြာသေးမီက ရွှေတိဂုံစေတီတော်ပေါ်တွင် ကုသိုလ်ရှင်တစ်ယောက်က ထီးအလက် ၄၀၀ကျော်ကို လှူဒါန်းခဲ့ပြီး "ထီးများကိုယူဆောင်ပြီး ခြင်းထဲပြန်ထည့်ခြင်းဖြင့် ကုသိုလ်ယူပါ" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။  

အဆိုပါ လှူဒါန်းမှုအပြီး ၃၆နာရီအကြာတွင် ထီးအလက်အားလုံးပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း သိရပါတယ်။ ဆိုးသွမ်းတဲ့အပြုအမှုတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီကြားမှာ ရှက်စရာအပြုအမှုတစ်ခုဖြစ်သလို မြန်မာ့လူမျိုးတို့ရဲ့ ဂုဏ်ကိုလည်း ထိခိုက်စေခဲ့တဲ့ အပြုအမှုတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ ပြုပြင်ပြောင်းလဲဖို့အများကြီးလိုအပ်သေးတဲ့ အထဲမှာပြည်သူတွေရဲ့ စိတ်ဓာတ်တွေက အဓိကကြနေတာကို အဆိုပါဖြစ်စဉ်က သက်သေပြနေတာတွေ့ရပါတယ်။

photos - Chaw Kay Khaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။