မြန်မာ့ ၁၂လရာသီပွဲတော်တွေထဲမှာ နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိတဲ့ သီတင်းကျွတ် တန်ဆောင်တိုင် ကထိန်ပွဲတော်တွေကိုတော့ အားလုံးချစ်မြတ်နိုးကြမယ်ထင်ပါတယ်။ အထင်ကရပွဲတော်တစ်ခုဖြစ်သလို ပြည်တွင်းနေရာအနှံ့အပြားတွင်း မတူညီတဲ့ပုံစံမျိုးစုံဖြင့်ကျင်းပပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။  

အဆိုပါ ကထိန်ပွဲတွေထဲမှာ ဆင်တူဝတ်စုံလေးတွေဖြင့် ချစ်စရာအပျိုတော်လေးတွေရဲ့ ညီညီညာညာပုံရိပ်လေးတွေကတော့ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပကြည့်ရှု့သူတွေကို ကြည်နူးစေခဲ့တာတွေ့ရပါတယ်။ ယင်းကထိန်ပွဲတေ်ာကတော့ မွန်ပြည်နယ် တာပသွန်ရွာပဒေသာလှည့်တဲ့ ပွဲပုံရိပ်တွေဖြစ်ပြီး ကြည့်ရှု့သူတွေကို စိတ်နှလုံးအေးချမ်းစေခဲ့တာတွေ့ရပါတယ်။  

မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ အထင်ကရပွဲတော်တစ်ခုဖြစ်ပြီး လက်ရှိ ကမ္ဘာ့နိုင်ငံအများစုရဲ့ ချီးကြူးမှုများစွာရရှိထားတဲ့ ပွဲတော်တွေထဲကတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ ကြည်နူးပျော်ရွှင်စရာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြသခဲ့တဲ့ မွန်ပြည်နယ် တာပသွန်ရွာပဒေသာလှည့်ပွဲပုံရိပ်တွေကို ချစ်ပရိသတ်တွေအတူယူနိုင်ရန်မျှဝေပေးလိုက်ပါတယ်။

pHOTOS - IDEA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။