ထိုင်းနိုင်ငံမှာ အမျိုးသားတဦး ပေါင် ၁ သန်းနီးပါးတန် ထီပေါက်ပြီး ထီလက်မှတ် ပျောက်သွားလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု ဖြစ်ပွားခဲ့ဖူးတယ်လို့သိရပါတယ်။

၎င်းအမျိုးသားကတော့ ထိုင်းနိုင်ငံအရှေ့ပိုင်း ချုံဘူရီခရိုင်မှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် ဂျီရာဝတ်ပွန်ဖန် ဆိုတဲ့အမျိုးသားပဲဖြစ်ပါတယ်။ 

သူဟာ သူ့ဘဝ အပြောင်းအလဲကြီး ဖြစ်သွားစေခဲ့တဲ့ ဘတ် ၄၂ သန်းဆု( ပေါင် ၉ သိန်း ၅ သောင်းတန် )ထီပေါက်လို့ သူရဲ့အိမ်မှာပဲ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ထီပေါက်တဲ့ အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါသေးတာပဲဖြစ်ပါတယ်။

သို့ပေမယ့် ၎င်းအမျိုးသားဟာ အထိမ်းအမှတ်ပွဲလေူကျင်းပပြီး နောက်တနေ့မှာ သူ့ထီလက်မှတ်ဟာ ပျောက်နေခဲ့တာကိုသိခဲ့ရပါတယ်။ ထီပေါက်လို့အပျော်ကြီးပျော်နေတဲ့ သူ့ရဲ့စိတ်လေးတွေဟာ အသက်ဝင်နေတုန်းအချိန်လေးမှာတင် သူရဲ့ထီလက်မှတ်လေးဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာပါ။

ဂျီရာဝတ်ဟာ သူရဲ့ထီလက်မှတ်လေးပျောက်သွားတဲ့စိတ်ကြောင့် စိတ်ဖိစီးမှုနဲ့ ဝမ်းနည်းမှုပေါင်းပြီး အကြီးအကျယ် စိတ်ဓာတ်ကျကာ အလုပ်တောင် မသွားနိုင်တဲ့အထိတောင်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဂျီရာပွတ်ဟာ ညတွင်းချင်း သန်းကြွယ်သူဌေး ဖြစ်လုနီးပါး ဘဝကနေ ဒုံရင်းဒုံရင်းဘဝကိုပြန်ရောက်တော့မယ်ဆိုတာကို သိခဲ့ရတာကြောင့် အသက်ဆက်ရှင်သန်ချင်စိတ်လေးတွေပါ ကုန်ဆုံးပြီး “ကျနော် တကယ်ပဲ စိတ်မကောင်းဘူး၊ ကျနော် ထီဆုကြီး ပေါက်ခဲ့ပါတယ်၊ ကျနော့်မိသားစုကို အနိုင်မကျင့်ပါနဲ့” လို့ ရေးပြီး သူ့ရဲ့ဘယ်လက် နားထင်ကို ၉ မမ သေနတ်နဲ့ပစ်ပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့တာပဲဖြစ်ပါတယ်။

source - Chiang Rai Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။