မတ်လ (၈)ရက်နေ့တွင် ကျရောက်မည့် AFC Women's Football Day 2017 အခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးဆောင်ကာ
အမျိုးသားဘောလုံးအကယ်ဒမီ ရန်ကုန်၊ မြက်ခင်းတုကွင်းတွင် မတ်လ ၈ရက်နေ့ နေ့လည် ၃နာရီ၃၀မိနစ်အချိန်မှ စတင်ကျင်းပမည်ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် မြန်မာ့အမျိုးသမီးလကေ်ရွးစင်ဟောင်းများ အသင်းနှင့် KBZ အမျိုးသမီးလိဂ် ညွန်ပေါင်းအသင်းတို့ ယှဉ်ပြိုင်မည့် အစီအစဉ်ပါဝင်သလို
အသက် ၅နှစ်မှ ၁၆နှစ်အရွယ် မိန်းကလေးများကို အမျိုးသမီးနည်းပြများမှ ဘောလုံးအခြေခံများကို သင်ကြားပေးမည့် အမျိုးသမီးဘောလုံးပွဲတော်တခုလည်းပါဝင်မည်ဖြစ်သည်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။