မက္ကဆီကိုနိုင်ငံမှာဖြစ်ခဲ့တဲ့ထူးဆန်းတဲ့အဖြစ်အပျက်ပါ။ ၁၉၈၅ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ Michoacán အမည်ရှိတဲ့ လူသတ်ငလျင်နဲ့ပတ်သတ်နေပါတယ်။ စက်တင်ဘာလ၉ရက်နေ့မနက်အစောပိုင်း ၇နာရီခန့်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ပါ။ ရစ်ချက်တာစကေး အဆင့် (၈) လောက်တောင်ရှိတဲ့အတွက် အဆောက်အအုံတွေလည်းမနည်းမနောပြိုကျပျက်စီးခဲ့ရပါတယ်။

စစ်ဆေးချက်တွေအရတော့ ခိုင်မာတဲ့အဆောက်အဦးပေါင်း ၃၀၀၀ကျော်ပျက်စီးခဲ့ရပြီး လူပေါင်းတစ်သောင်းကျော်သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် လူပေါင်း ၂သိန်းခွဲခန့် အိမ်ရာမဲ့တွေဖြစ်ခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ဒီငလျင်လှုပ်ခတ်ခြင်းနဲ့အတူ ထူထူးခြားခြားဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါက ထိုငလျင်လှုပ်ခဲ့တဲ့အချိန်မှာ မီးဖွားဆေးရုံတစ်ခုပါသွားခဲ့တာပါ။ အဲ့ဒီမီးဖွားဆေးရုံမှာ ဆရာဝန်၊လူနာ၊ကလေးတွေအကုန် အပြိုအပျက်တွေထဲရောက်သွားခဲ့ပါတယ်။ 

(၇)တိုင်တိုင်ထိုပြိုပျက်နေတဲ့ မီးဖွားဆေးရုံကိုဖယ်ရှားရှင်းလင်းခဲ့ရာ မယုံနိုင်လောက်အောင်အံ့သြစရာတွေကိုတွေ့ရပါတော့တယ်။ လူနာ၊ ဆရာဝန်တွေများစွာ အပြိုအပျက်တွေကြားမှာသေဆုံးခဲ့ကြပေမယ့် အဲ့ဒီဆေးရုံထဲမှာရှိတဲ့ မွေးကင်းစကလေးတွေအကုန်အသက်ရှင်ကျန်ရစ်နေပါတယ်။ အရမ်းကိုပဲအံသြဖို့ကောင်းပါတယ်နော်။ (၇)ရက်လုံးလုံး အစာ၊ရေ၊မိခင်ရဲ့အနွေးဓာတ်ထိတွေ့မှုတွေမရှိဘဲနက် မွေးကင်းစကလေးတွေချည်း ဘယ်လိုအသက်ရှင်နေနိုင်လဲဆိုတာ စဉ်းစားလို့တောင်မရပါဘူးဗျာ။ ပြီးတော့ ဒါကိုလည်း ဒီနေ့ဒီချိန်ထိ ဘယ်သူမှလည်းမဖြေရှင်းနိုင်ကြသေးပါဘူး။

Source : pri.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။