ပရိသတ်ကြီးကို ဒီတစ်ခါထူးထူးဆန်းဆန်း ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အသက် 24 နှစ်အရွယ်အမေရိကန်နိုင်ငံသား Christopher McCandless ဆိုသူ တစ်ဦး ဟာ အလက်စကာဒေသ တောအုပ်တစ်ခုမှာ အမဲလိုက်ဖို့ ဆန် 4.5 Kg l စားစရာ အနည်းငယ်နဲ့ Stampede Trail လမ်းထဲ ကနေတောအုပ်ထဲကို ဝင်လာခဲ့တယ်။ ဒါပေမဲ့ ခရီးစစထွက်ပြီး မြစ်တစ်ခုကိုဖြတ် မိုင် ၂၀ အရောက်မှာ သူဖြတ်လာတဲ့မြစ်က ရေခဲတွေအရည်ပျော်ပြီး မြစ်ရေလျံခဲ့ပါတယ် ဒီလိုနဲ့ McCandless လည်းနောက်ကြောင်းလည်းလှည့်မရအရှေ့လည်းဆက်သွားလို့မရဖြစ်ပြီး အဲ့ဒီနေရာမှာတွေ့တဲ့ အနှစ်နှစ်ဆယ်လောက်ရှိတဲ့Bus ကားအဟောင်းတစ်စီးပေါ်မှာ တစ်ခဏတာခို နားခဲ့တယ်။

သူ့မှာပါလာတဲ့ စာနပ်ရိက္ခာက သာမာန်လူတစ်ယောက်အဖို့ ၁၀ ရက်လောက်သာခံနိုင်ပေမဲ့ McCandless အတွက်တော့

ရက်ပေါင်း ၁၂၀ ခံနိုင်ခဲ့ပါတယ် ဒါပေမဲ့ သူ့ကိုတော့ သမင်လိုက်မုဆိုး အဖွဲတစ်ဖွဲက တွေ့ရှိ ချိန်မှာတော့ သူဟာအသက်မသေသေးပေမဲ့ ပိန်လှီနေတဲ့ခန္ဒာကိုယ်နဲ့အတိတ်မေ့နေပါပြီ ဆေးရုံမှာဆေးကုသနေစဉ်မှဘဲသေဆုံးသွားခဲ့ပါတယ်။

တစ်ခြားသော အမဲလိုက်အဖွဲ့တွေလည်း McCandless ရဲ့ အလားတူအဖြစ်မျိုး ဖြစ်နေတုန်းဘဲလို့သိရပါတယ် ဒီဘစ်ကားဟောင်းကြီးကိုတွေ့တာနဲ့ စိတ်ထဲမှာ တည်းခိုချင်ပြီး နောက်ဆုံး အသက်သေ ဆုံးတဲ့အထိဖြစ်တက်ပါတယ်တဲ့ အခုတော့ Denail National အာဏာပိုင်တွေက ဘယ်ကရောက်လာမှန်းမသိတဲ့ Bus ကားကို ဖျက်ဆီးဖယ်ရှားဖို့ကြိုးစားနေကြပါတယ်။

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။