ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ကျပ်သိန်း ၅၀၀၀ ထီလက်မှတ်ပျက်ဆီးမှုဗီဒီယိုဖိုင်ကတော့မမှန်ကန်ကြောင်း လက်ရှိ မြန်မာ့မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေမှ ကြေငြာမှုတစ်ခုကို ထုတ်ပြန်ခဲ့ပါပြီ။ လက်ရှိနိုဝင်ဘာလရဲ့ ကျပ်သိန်းဆုရှင်များစွာကတော့ မကြာခဏဆိုသလို ထွက်ပေါ်လာခဲ့ပြီး အမြင့်ဆုံးသိန်းဆုတွေဖြစ်တဲ့ ကျပ်သိန်း တစ်သောင်းနှင့် ကျပ်သိန်း ၅ထောင်ဆုရှင်တွေကတော့ အမှန်တကယ့်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။  

နိုဝင်ဘာလ မြန်မာ့အောင်ဘာလေဆုကြီးဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းဆုကို ပဲခူးတိုင်းဒေသကြီးမှ အဘွားအိုတစ်ဦးကရရှိခဲ့ပြီး လက်ရှိကျပ်သိန်း ၅၀၀၀ရှင်တစ်ဦးကတော့ ထပ်မံပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါကံထူးရှင်ကတော့ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သပြုကျေးရွာမှ အမျိုးသမီးတစ်ဦးဖြစ်ပြီး ပရိသတ်တွေကြားရေပန်းစားနေတဲ့ သိန်း၅၀၀၀လက်မှတ်ပျက်စီးမှုနံပါတ်ဖြစ်တဲ့ ကဌ-179956 ဆုပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ အမျိုးသမီးကတော့ သာမာန်အဆင့်ရှိမိသားစုဝင်တစ်ဦးဖြစ်ပြီး သူမရဲ့ထီပေါက်မှုကို ခင်ပွန်းဖြစ်သူရဲ့ ကူညီပေးမှုကြောင့် သိရှိခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။ သူမရဲ့ ကဌ-179956 ထီစာရွက်မှာလဲ စောင်ရေ (၂၀) အုပ်မှရရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ရိုးသားဖြူစင်သူတစ်ဦးဖြစ်ပြီး သူမရဲ့ လက်ရှိ သိန်း၅၀၀၀ဆုကို အလှူအတန်းနှင့်အတူ ဘုရားတည်သွားဖို့ပြင်ဆင်ထားကြောင်း သိရပါတယ်။

Photos - Moe Yan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။