ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေရဲ့ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ဒီနေ့ည(၂:၃၀)အချိန်မှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဒီနေ့ယှဉ်ပြိုင်မယ့်ပွဲလေးမှာတော့ပရိတ်သတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့အင်တာမီလန်အသင်းနဲ့ဘာစီလိုနာအသင်းတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။အင်တာအသင်းကလည်းအီတလီရဲ့နာမည်ကြီးအသင်းတစ်သင်းဖြစ်ပြီးစပိန်နာမည်ကြီးဘာစီလိုနာအသင်းကိုလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နှစ်သင်းလုံးအတွက်ကတော့သိက္ခာရေးအရလည်းအနိုင်ရဖို့အရေးကြီးသလိုအုပ်စုတက်ဖို့လည်းအရေးကြီးနေတာဖြစ်ပါတယ်။ပထမအကျော့ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းနူးကမ့်မှာယှဉ်ပြိုင်ကစားခဲ့စဉ်ကဘာစီလိုနာအသင်းက(၂-ဝ)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။အင်တာအသင်းကတော့ယခုအချိန်မှာ၆မှတ်နဲ့အုပ်စုဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပြီးတတိယနေရာကစပါးအသင်းကို၅မှတ်ဖြစ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကလည်းခုကန်မယ့်PSVနဲ့ပွဲကိုနိုင်ခဲ့ရင်အင်တာနဲ့၂မှတ်သာကွာမှာဖြစ်တာကြောင့်အိမ်ကွင်းမှာအနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒီနေ့ပွဲမှာတော့ဒဏ်ရာကနေပြန်လည်သက်သာလာခဲ့ပြီဖြစ်တဲ့မက်ဆီလည်းအသင်းရဲ့လူစာရင်းမှာပါဝင်နေတာကြောင့်အင်တာအသင်းအတွက်တော့ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ကမ္ဘာကျော်ကစားသမားတွေနဲ့နာမည်ကြီးအသင်းနှစ်သင်းရဲ့အကြိတ်နယ်ယှဉ်ပြိုင်ကစားကြပုံကိုဒီနေ့ည၂:၃၀အချိန်မှာစောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:Inter Milan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။