ပြည်တွင်း တရားမဝင်ပြည်ပသွင်းကုန်များစွာကတော့ နေ့စဉ်ဖမ်းဆီးရမိခဲ့ပြီး ပြည်တွင်းနေရာအနှံ့အပြားမှာလည်း များစွာပြန့်နှံ့လျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ တရားမဝင်သွင်းကုန်တွေထဲမှာ လူအသုံးအဆောင်များ၊ အစားအသောက်၊ ဆေးဝါးများနှင့် လျှက်စစ်ပစ္စည်းများစွာလည်းပါဝင်နေတာတွေ့ရပါတယ်။ မကြာသေးမီက မွန်ပြည်နယ်စစ်တောင်းတံတားအနီးတွင် တရားမဝင်သယ်ဆောင်လာသော Iphone အလုံး ၈၀၀ကျော်အပါအဝင် ကျပ်သိန်း နှစ်သောင်းကျော်တန်ဖိုးရှိလျှက်စစ်ပစ္စည်းများစွာကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖမ်ဆီးရမိမှုကတော့ မွန်ပြည်နယ် စစ်တောင်တံတားအနီး ကျိုက်ထိုဘီးခွန်ဂိတ် မိုင်တိုင်အမှတ် ၉၁ /၂ တွင် ယာဉ်အမှတ်တွင် အံစာတုံးအဖြူရောင်ကားအပေါ်မှ iPhone အလုံး ၈၀၀ ကျော်အပါအဝင် တရားမဝင်တင်သွင်းလာသည့် လျှပ်စစ်ပစ္စည်း ကျပ်သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ Apple အမှတ်တံဆိပ်ပါ iPhone အလုံး ၈၀၀ ကျော်နင့် အခြားလျှပ်စစ်ပစ္စည်းများကို ဖမ်းဆီရမိခဲ့ကြောင်း သိရပါတယ်။  

'အခုလို ပမာဏအများဆုံးမိတာက ပထမဆုံးပါ။ မိတဲအထဲမှာ Apple အမှတ်တံဆိပ်ပါ iPhone, iPad, macbook, iMac, Camera တံဆိပ်စုံနဲ့ ဆက်စပ်ပစ္စည်းတွေမိပြီးတော့ တန်ဖိုးက သိန်းပေါင်းနှစ်သောင်းကျော် ရှိပါတယ်''ဟု အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပြခဲ့ပါတယ်။ အံ့အားသင့်စရာဖမ်းစီးရမိခဲ့တဲ့ Apple အမှတ်တံဆိပ်ပါ iPhone, iPad, macbook, iMac, Camera တံဆိပ်စုံပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - မှု့ခင်းသတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။