ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ်ရှိ လှိုင်ရိုးမတောင်ပေါ်မှာ အခုလ ၆ ရက်နေ့က တောဆင်ထီး တစ်ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဆင်ထီးကို တိုက်ကြီးမြို့နယ်ကလှိုင်ရိုးမတောင်ပေါ်ကြိုးဝိုင်း အတွင်းမှာ တွေ့ရှိခဲ့တာပါ။

ဆင်သေဆုံးတဲ့နေရာကို တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ၊ ဆင်ဆရာဝန်တွေကသွားရောက် စစ်ဆေးခဲ့ပြီး သေဆုံးတဲ့ဆင်ဟာပြည်တည်လှိုက်စားပြီး သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီဆင်ဟာအစွယ်တိုတဲ့ ရှားပါးဆင်မျိုးဖြစ်ပြီး ၊ ခန့်မှန်းချေအသက် ၃၅နှစ် က၄၀နှစ် အတွင်းရှိတယ်လို့ တောအုပ်ကြီး ဦးမင်းသွင်က ပြောကြားခဲ့ပါတယ်။

သတင်း/ဓာတ်ပုံ : ဖြိုးကိုလင်း(ညောင်ဝိုင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။