လောကဓံဆိုတဲ့အရာကတော့ လူသားတိုင်းကြုံတွေ့နေရတဲ့ အရာတစ်ခုဖြစ်သလို ဒီလောကဓံတရားကိုပဲ ကြံ့ကြံ့ခံနိုင်သူများလည်း ရှိသလို လွယ်လွယ်နှင့်အရှုံးပေးသွားတဲ့သူတွေလည်း အများကြီးမှအများကြီးပါပဲ။လောကဓံတရားကို ကြံကြံခံရင်ဆိုင်နေတဲ့သူတွေများစွာထဲမှာမှ တရုတ်နိုင်ငံက ညီဖြစ်သူရဲ့ဆေးဖိုးအတွက် ဝါသနာကိုစွန့်လွှတ်ပြီး ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ကိုင်နေတဲ့ ကောင်လေးတစ်ယာက်ရဲ့အကြောင်းကို ပရိသတ်တွေအတွက်ဖော်ပြပေးချင်ပါတယ်။

ဒီညီအစ်ကိုနှစ်ယောက်ထဲမှာတော့ ညီဖြစ်သူဟာ အသက် ၃ နှစ်ကျော်ကျော်အရွယ်သာရှိသေးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာရောဂါဝေဒနာကို ခံစားနေသူလေးတစ်ဦးပဲဖြစ်ပါတယ်။ 

သူတို့ညီအစ်ကိုဟာတရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာနေထိုင်ကြသူတွေဖြစ်ပြီး အကိုဖြစ်သူရဲ့နာမည်ကတော့ မာ ပဲဖြစ်ပါတယ်။ မာ ဟာသူ့ရဲ့အထက်တန်းနောက်ဆုံစာမေးပွဲကြီးအပြီးမှာတင် ညီလေးကိုချစ်တဲ့စိတ်နဲ့ သူဖြစ်ချင်လွန်းလှတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ကိုစွန့်လွှတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေဟာ အကူအလုပ်ကိုဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ဒီလိုပင်ပန်းလှတဲ့အလုပ်တွေကို လုပ်ကိုင်ပြီး ညီလေးရဲ့ဆေးဖိုးကို ရှာနေတဲ့ မာဟာ သူဆရာဝန်တစ်ယောက်ဖြစ်မှ ညီလေးရဲ့အသက်ကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ 

အခုလိုပင်ပန်းဆင်းရဲတဲ့အခြေအနေကို ကြုံတွေ့နေရတဲ့အချိန်လေးမှာပင် ကံကောင်းမှုလေးတစ်ခုရောက်ရှိလာတယ်လို့ဆိုရအောင်ပင် မီဒီယာတစ်ခုက သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ကြွေကွဲစရာဘဝအကြောင်းကို ဖော်ပြေပေးခဲ့တာကြောင့် တစ်နိုင်ငံလုံးကသိရှိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဘဝကိုစာနာသူတွေဟာ မာရဲ့ညီလေးကိုခွဲစိတ်ဖို့အတွက် လုံလောက်တဲ့ငွေပမာဏတွေကို လှူဒါန်းပေးလာခဲ့ကြပါတယ်။ အကိုဖြစ်တဲ့ မာ ဟာဆိုရင်လည်း ဒီအကြောင်းလေးကိုကြားလိုက်ရတဲ့အချိန်မှာ ရင်ထဲမှာ ဝမ်းသာလုံးဆို့ပြီး မျက်ဝန်းအိမ်ထဲကျဆင်းလာတဲ့မျက်ရည်တွေဟာလည်း ရေကာတာတစ်ခုပေါက်သွားခဲ့သလိုပါပဲ။ 

source - The Coverage

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။