မိန်းကလေးဆိုတဲ့ အမျိုးကတော့ လှတပတနေချင်သူတွေများလှသလို ပင်ပင်ပန်းပန်းဆို သိပ်မလုပ်ချင်တဲ့သူတွေလည်း အများကြီးရှိကြပါတယ်။ ရုပ်ရည်ချောမောလှပတဲ့သူတွေဆို သူတို့အတွက်အခွင့်အလမ်းကောင်းတွေရရှိနိုင်တဲ့ နေရာတွေမှာသာ အလုပ်လုပ်ချင်ကြသလို သူတို့အလှပျက်မှာကိုလည်း ကြောက်ရွံ့သူတွေများစွာရှိကြပါတယ်။

(Ps ) မိန်းမလေးအားလုံးကိုဆိုလိုခြင်းမဟုတ်ပါ၊

အချို့မိန်းကလေးတွေဟာ အရမ်းပင်ပင်ပန်းလုပ်ကိုင်ရမယ့် အလုပ်ဆိုရင်တော့ ဝေးဝေးကြရှောင်ကြပေမယ့် အခုဖော်ပြချင်တဲ့မိန်းကလေးကတော့ အရမ်းပင်ပန်းလှတဲ့ ပန်းရန်အလုပ်ကိုလုပ်ကိုင်နေတဲ့မိန်းကလေးတစ်ဦးပဲဖြစ်ပါတယ်။

သူမဟာရုပ်ရည်အရမ်းချောမောလှပပေမယ့် ပန်းရံအလုပ်သာမက သူလုပ်နိုင်တဲ့အခြားသောအလုပ်ကြမ်းတွေများစွာကိုလည်းလုပ်ကိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်။

ရှောင်မိုင်လို့ခေါ်တဲ့ ဒီမိန်းကလေးဟာ တရုတ်နိုင်ငံသူလေးတစ်ဦးဖြစ်သလို ဘယ်လောက်ပင်ပန်းတဲ့အလုပ်ကြမ်းတွေပဲလုပ်ရလုပ်ရ ပျော်နေတတ်တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။  

သူမပျော်ရတဲ့အကြောင်းလေးကတော့ အခုလိုအလုပ်တွေပိုကြိုးစားပြီးလုပ်လေလေ သူမပိုင်ဆိုင်ချင်တဲ့ အိမ်လေးကိုဝယ်နိုင်ဖို့ ပိုက်ဆံလေးတွေ ပိုပိုဆုမိလာစေနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

သူမမှာတော့ အခြားမိန်းကလေးတွေလို အလှပြင်ဖို့အချိန်လဲ မရှိသလို သူမရဲ့အချိန်တော်တေ်ာများများဟာ ယောကျာၤးလေးတွေနဲ့တန်းတူ အုတ်သယ်ကျောက်သယ်ရင်းကုန်ဆုံးနေရတာပဲဖြစ်ပါတယ်။

ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ဖို့ အလုပ်ကြမ်းတွေကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရင်း ဘဝအခက်အခဲတွေကို ဖြေရှင်းနေတဲ့ သူမရဲ့စိတ်ဓာတ်လေးက လေးစားစရာမကောင်းဘူးလားပရိသတ်ကြီးရေ။ 

source - Altervista

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။