လာမယ့်၁၂ရက်နေ့မှာစတင်ယှဉ်ပြိင်ကစားမယ့်ဆူဇူကီးဖလားပြိုင်ပွဲမတိုင်ခင်မှာမြန်မာအသင်းရဲ့အဓိကကစားသမားနှစ်ယောက်ကတော့ဒူးဒဏ်ရာကြောင့်ဆူဇူကီးပြိုင်ပွဲကိုလွဲချော်ရတော့မှာဖြစ်ပါတယ်။ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ထိုက်ထိုက်အောင်နဲ့မျိုးကိုကိုထွန်းတို့ကတော့လေ့ကျင့်ခန်းအစီစဉ်တွေခြေစမ်းပွဲတွေမှာပါဝင်ခဲ့ပေမယ့်ပြိုင်ပွဲနီးမှဒဏ်ရာရခဲ့တာကြောင့်ပရိတ်သတ်တွေကလည်းစိတ်မကောင်းဖြစ်နေကြတာပါ။ 

နှစ်ယောက်လုံးကတော့မြန်မာအသင်းရဲ့အဓိကကစားသမားတွေဖြစ်ပြီးနည်းပြကြီးကိုယ်တိုင်ခြေစမ်းပွဲတွေလေ့ကျင့်ခန်းတွေမှာယုံကြည်ပွဲထွက်ခွင့်ပေးထားတာဖြစ်ပါတယ်။အဓိကကစားသမားနှစ်ယောက်ဒဏ်ရာရခဲ့တာကြောင့်သူတို့နှစ်ယောက်နေရမှာလူစားထိုးဖို့အတွက်လိုအပ်နေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာဆူဇူကီးပြိုင်ပွဲအောင်မြင်မှုအတွက်ကာတာနိုင်ငံကိုလေ့ကျင့်ခန်းတွေခြေစမ်းပွဲတွေအတွက်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာအောင်မြင်ဖို့အတွက်ဘယ်လိုကစားကွက်တွေနဲ့အသင်းကြီးတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။