ပရိသတ်ကြီးရေ ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ အဝအရမ်းလွန်နေတဲ့ ကလေးမလေးတစ်ယောက် အကြောင်းဖော်ပြပေးချင်ပါတယ်။ ဒီကလေးမလေးဟာ ၈လအရွယ်ထဲနဲ့ ၃၈ပေါင်အလေးချိန်ရှိလို့ သာမန်ကလေးတွေ ထက် စာရင်တော်တော်လေးကို အဝလွန်နေတယ်လို့ ပြောလို့ရနိုင်ပါတယ်။

ဒီကလေးမလေးရဲ့ နာမည်ကတော့ ချာဟတ်လို့ခေါ်ကြပြီး သူ့ကိုမွေးစတုန်းက သာမန်ကလေးတွေရဲ့ အရွယ်အစားမျိုး ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ တော့ တဖြည်းဖြည်း ဝလာတဲ့ ကလေးရဲ့ ခန္ဓာကိုယ်ကို သူ့မိဘတွေက သတိထားမိခဲ့ကြပါတယ်။ သူဟာ ဗိုက်အမြဲဆာနေတတ်ပြီး သူ့ကို နို့နဲ့ တခြား မုန့်တွေ ကျှေးနေရတယ်လို့လည်း သိရပါတယ်။  

ယခုလို အဝလွန်နေတာဟာ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ သူ့ရဲ့ ဆရာဝန်တွေက ပြောပါတယ်။ ယခုအခါမှာတော့ ချာဟတ်ကလေးကို အလေးချိန်ကျစေဖို့အတွက် ကုသပေးနိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားပေးနေကြပြီး အကောင်းဆုံး ဖြစ်အောင် ကုသပေးသွားမယ်လို့လည်း သိရပါတယ်။ ချာဟတ်လေးတစ်ယောက် ဝိတ်တွေကျပြီး ပုံမှန်ကလေးတွေလို အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 

Source : Weird Wild World 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။