တရုတ်မှာရှိတဲ့ တိုက်ခန်းတွဲတစ်ခုမှ အရေးပေါ်မီးသတ်ကို အကြောင်းကြားခဲ့ပါတယ်။ အကြောင်းကတော့ တိုက်ခန်းတွေကို ဆက်ထားတဲ့ မိလ္လာမြောင်းထဲကနေပြီး ကလေးငိုသံကြားခဲ့ရလို့ပါ။ 

အကြောင်းကြားခဲ့တဲ့ တိုက်ခန်းကိုရောက်တဲ့အခါ မီးသတ်တွေကနေ စစ်ဆေးတဲ့အခါမှာတော့ အိမ်သာထဲမှာ ကလေးငယ်ရဲ့ ခြေထောက်ကို စတင်တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်မို့ ပိုက်လိုင်းနေရာကနေသွားပြီး အချိန်ပေးပြီး ပိုက်ကိုခွဲကာ ကလေးငယ်ကို ခက်ခက်ခဲခဲထုတ်ယူခဲ့ရပါတယ်။ ကလေးငယ်ဟာ အချင်းကြိုးတောင်မပြတ်သေးဘဲ အိမ်သာကျင်းထဲကို မစင်ရေလောင်းသလို ရေနဲ့အလောင်းခံခဲ့ရတာဖြစ်ပါတယ်။

တာဝန်ရှိသူတွေဟာ တရားခံကိုစစ်ဆေးတဲ့အခါမှာတော့ သွေးစွန်းနေတဲ့ အတွင်းခံဘောင်းဘီတစ်ထည်ကိုတွေ့ရှိခဲ့ပြီး အကြောင်းကြားသူအမျိုးသမီးဟာ ကလေးငယ်ရဲ့မိခင်ဖြစ်တယ်ဆိုတဲ့အကြောင်း စုံစမ်းတွေ့ရှိခဲ့ပါတယ်။ သူမဟာ ကိုယ်ဝန်ရှိနေတာကို သူမရဲ့မိဘတွေနဲ့ အိမ်နီးချင်းတွေမသိအောင် ဖုံးကွယ်ထားခဲ့ပြီး ယခုလို အိမ်သာတက်တဲ့အချိန်မှ ကလေးငယ်ဟာ မွေးလမ်းကြောင်းကနေ ထွက်ကျခဲ့တာဖြစ်ပါတယ်။

အဆိုပါအမျိုးသမီးဟာ ကလေးငယ်ရို တုတ်နဲ့ပြန်ထုတ်ယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် သွေးတွေကိုဖယ်ရှားဖို့ ရေလောင်းချခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ကလေးငယ်ကို ပိုက်လိုင်းထဲကနေ အောင်မြင်စွာထုတ်ယူနိုင်ခဲ့ပြီးနောက် အသက်ရှင်နေသေးတာကြောင့် နီးစပ်ရာဆေးရုံကို အမြန်ပို့ပြီး အရေးပေါ်ကုသမှုပေးခဲ့ရပြီး မိခင်ဖြစ်သူကိုတော့ ထိုက်တန်တဲ့အပြစ်ပေးဖို့ တာဝန်ရှိသူတွေက စစ်ဆေးနေဆဲလို့သိရပါတယ်။

Source : lifebuzz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။