Waltနဲ့Roy တို့ဟာ ၁၉၂၃ခုနှစ်မှာ Disneyညီကိုများ လို့ခေါ်တဲ့ကာတွန်း စတူဒီယိုကို တည်ထောင်ခဲ့ကြပါတယ်။ ၁၉၂၆ခုနှစ်လည်းရောက်ရော Walt Disney စတူဒီယိုဆိုပြီးနာမည်ပြောင်းခဲ့ပြန်ပါတယ်။သူတို့ရဲ့ ပထမဆုံး Animation ဇာတ်ကောင်ကတော့ Mickey Mouseပါ။ ဒါပေမယ့် Mickey Mouseကို စစချင်းတုန်းက Mortimer Mouseဆိုပြီးအရင်နာမည်ပေးခဲ့တာပါ။ ဒါပေမယ့် Waltရဲ့ ဇနီးဖြစ်သူ Lillianက Mickey Mouseလို့နာမည်ပြောင်းခိုင်းခဲ့တာပါ။သူတို့ဟာ ၁၉၂၈ခုနှစ်လောက်မှာ Mickey Mouseဇာတ်ကားကို နယူးယောက်ခ့်က ကိုလိုနီရုပ်ရှင် ပြဇာတ်ရုံမှာပထမဆုံးပြသခဲ့တာပါ။

အဲ့နောက်မှာ Waltဟာ စနိုးဝှိုက်နဲ့လူပုလေး (၇)ယောက်ကားကိုရိုက်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လိုအပ်တဲ့ငွေဟာ US$1.5 millionလောက်ထိရှိတဲ့အတွက်ချက်ချင်းမရိုက်ဖြစ်ခဲ့ပါဘူး။ အဲ့ဒီAnimation ကာတွန်းဇာတ်လမ်းကိုရိုက်ဖို့အတွက်လည်း သုံးနှစ် လောက်ပိုက်ဆံစုခဲ့ရပါတယ်။ ရှိစုမဲ့စုနဲ့ ရိုက်ခဲ့ရပေမယ့် တကယ်လည်းအောင်မြင်လာခဲ့ပါတယ်။ အဲ့နောက် Disneyကိုလူသိပိုများလာပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ကလေးတွေ Disneyကဇာတ်လမ်းတွေကိုအရူးအမူးကိုဖြစ်ခဲ့ရပါတယ်။ 

ဘယ်လောက်တောင်လဲဆိုရင် "Princess and the frog" ကားလေးထွက်တုန်းကဆို U.Sမှာရှိတဲ့ကလေး အယောက်၅၀လောက်ဟာဆေးရုံရောက်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့ တွေ့တဲ့ဖားတွေကိုလိုက်နမ်းနေကြလို့ လို့ဆိုပါတယ်။ အဲ့နောက်မှာ Disneyဟာတစ်ရှိန်ထိုး အောင်မြင်လာခဲ့ပြီး Disneylandတွေကိုလည်း တည်ထောင်နိုင်ခဲ့သလို ယနေ့ ကျွန်တော်တို့ကြည့်နေတဲ့ ESPNရုပ်သံလိုင်းရဲ့ 80% နှုန်းကိုပိုင်ဆိုင်လာတဲ့အထိဖြစ်လာပါတော့တယ်။ စကားမစပ် ပြောရရင် နှစ်စဉ်.. Disneylandတွေမှာ လာလည်ကြတဲ့သူတွေမေ့ကျန်ခဲ့ကြတဲ့ဖုန်းဟာအနည်းဆုံး အလုံးခြောက်ထောင်၊ ကင်မရာအလုံးသုံးထောင်ကျော်နဲ့ ဦးထုပ်အလုံးနှစ်သောင်းနီးပါးလောက်တောင်ရှိပါသတဲ့ဗျ။

Source : factslides

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။