တချိန်က မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်းထွန်းထွန်းမင်းရဲ့ ထိုးသတ်မှုတွေကိုတော့ လက်ဝှေ့ချစ်ပရိသတ်တွေမေ့လောက်မယ်မထင်ပါဘူး။ နိုင်ငံတကာယှဉ်ပြိုင်မှုများစွာရှိခဲ့ပြီး အောင်ပန်းများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ထွန်းထွန်းမင်းကတော့ လက်ရှိချန်ပီယံဒေဝကို ဒုတိယအကြိမ်စိန်ခေါ်မှုမှာ ရှုံးနိမ့်ခဲ့ရပြီး လက်ဝှေ့လောကနှင့် နှစ်အတော်ကြာဝေးကွာခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။   

လက်ရှိ ထွန်းထွန်းမင်းကတော့ အိမ်မတ်တစ်ခုအတွက်လက်ဝှေ့လောကထဲကို ပြန်လည်ရောက်ရှိခဲ့ပြီး စိန်ခေါ်ထိုးသတ်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်။ အဆိုပါ ရည်မှန်းချက်ကတော့ လက်ရှိချန်ပီယံဒေဝကို ပြန်လည်စိန်ခေါ်ထိုးသတ်ဖို့ဖြစ်ပြီး မြန်မာ့ချန်ပီယံဘွဲ့ကို ရရှိနိုင်ဖို့ပဲဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ပွဲကတော့ ထွန်းထွန်းမင်းနဲ့ဒေဝတို့ရဲ့ တတိယမြောက်စိန်ခေါ်ပွဲတစ်ပွဲဖြစ်ပြီး ပရိသတ်တွေကြားရေပန်းစားပွဲကောင်းတစ်ပွဲလည်းဖြစ်တာတွေ့ရပါတယ်။  

လက်ရှိထွန်းထွန်းမင်းကတော့ ပြိုင်ပွဲအတွက် အပြင်းအထန်လေ့ကျင့်နေပြီး လက်ရှိချန်ပီယံဒေဝကို အလဲထိုးအနိုင်ယူသွားရန်ပြင်ဆင်နေကြောင်း သိရပါတယ်။ အဆိုပါ လေ့ကျင့်မှုဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားရေပန်းစားနေပြီး အဓိကခံစစ်နဲ့ ခြေကန်ချက်တွေကို အသားပေးလေ့ကျင့်လျှက်ရှိတာတွေ့ရပါတယ်။ အမိုက်စားလေ့ကျင့်မှုတွေနဲ့အတူ အကောင်းဆုံးရလဒ်တွေကို သိမ်းပိုက်နိုင်ရန်ပြင်ဆင်နေတဲ့ ထွန်းထွန်းမင်းရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VEDIO - TUN MIN TUN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။