၂၀၁၈ခုနှစ်အတွင်းထုတ်လုပ်ခဲ့တဲ့ နာမည်ကြီး စမတ်ဖုန်းတွေဟာ ဒီဇိုင်းပိုင်းအရရော စွမ်းဆောင်ရည်အပိုင်းမှာပါ ယခင်ကထက် အများကြီးတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ဒီအထဲမှာမှ စမတ်ဖုန်းလောကထဲကို သူမတူတဲ့ ဒီဇိုင်းအပြင် အရည်အသွေးမြင့် စွမ်းဆောင်ရည်တွေနဲ့ ထိုးဖောက်လာတဲ့ Huawei ရဲ့ Mate Series တွေဖြစ်တဲ့ Mate 20 နဲ့ Mate 20 Pro ကတော့ လတ်တလောမှာ ဖုန်းအသုံးပြုသူတွေကြားထဲ စိတ်ဝင်စားမှု အများဆုံးရရှိထားပါတယ်။ တစ်ကယ်လည်း စိတ်ဝင်စားရလောက်အောင် သူ့ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်တောင် ထူးခြားပြီး ကောင်းမွန်နေလဲဆိုတာ တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်နော် ပရိသတ်ကြီးရေ…

ပထမဦးဆုံးအနေနဲ့ Design ပိုင်းကို ပြောရမယ်ဆိုရင် ဒီဖုန်းရဲ့ နောက်ကျောဘက်က ကင်မရာဖွဲ့စည်းပုံကို စပြောရမှာပါ။ ကင်မရာ ဖွဲ့စည်းပုံဟာဆိုရင် လတ်တလောဘယ်ဖုန်းမှာမှ မမြင်တွေ့ရသေးတဲ့ ဒီဇိုင်းအသစ်တစ်မျိုး ဖြစ်တဲ့ Four-Point Design နဲ့ ထုတ်ထားတာမို့ သူများနဲ့ မတူတဲ့ ဒီဇိုင်းအသစ်တွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းမှာဆိုရင်လည်း Mate 20 Pro ရဲ့ မျက်နှာပြင်အကျယ်ဟာ ၆.၅လက်မဖြစ်ပြီး Mate 20 ရဲ့ မျက်နှာပြင်အကျယ်ကတော့ ၆.၃၉ လက်မအရွယ်အစားရှိတာကြောင့် ဖုန်းနှစ်မျိုးစလုံးဟာ အသုံးပြုလိုက်တာနဲ့ မြင်ကွင်းတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းတွေ့ရစေမှာပဲ ဖြစ်ပါတယ်။ 

CPU ပိုင်းကိုပြောရမယ်ဆိုရင် Huawei ရဲ့ အမြင့်မားဆုံး စွမ်းဆောင်ရည်လို့တောင် တင်စားလို့ရတဲ့ Kirin 980 Processor ကို အသုံးပြုပေးထားတာကြောင့် ဖုန်းအတွင်းပိုင်းလုပ်ဆောင်ချက်တွေဟာ သွက်လက်မြန်ဆန်နေမှာဖြစ်ပြီး ဖုန်းကို လေးလံသွားတာမျိုးတွေ မဖြစ်စေပါဘူး ။ ဒါ့အပြင် ဒီဖုန်းနှစ်လုံးရဲ့ အဓိကအချက်လို့တောင်ပြောလို့ရတဲ့ ကင်မရာပိုင်းမှာဆိုရင် Mate 20 Pro မှာ ပရိုဖက်ရှင်နယ်ကျကျ ဓာတ်ပုံတွေရိုက်ကူးနိုင်တဲ့ 40MP Wide Angle ၊ 20MP Ultra-Wide Angle နှင့် 3x Telephoto ရိုက်ကူးနိုင်တဲ့ 8MP အနောက်ဘက် ကင်မရာပါဝင်ပြီး Mate 20 မှာဆိုရင် သဘာဝဆန်ဆန်အလှတရားပုံရိပ်တွေကို ရိုက်ကူးနိုင်တဲ့ 16MP ultra-wide angle၊ 12MP wide angle နှင့် 2x Telephoto ရိုက်ကူးနိုင်တဲ့ 8MP အနောက်ဘက်ကင်မရာပါဝင်ထားကာ ဖုန်းနှစ်မျိုးစလုံးမှာ Selfie Camera အနေနဲ့ 24 MP အထိပါဝင်တာမို့Selfie ဆွဲလိုက်တိုင်းလှပတဲ့ ပုံရိပ်လေးတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ 

ဒီဖုန်းနှစ်လုံးကို နာမည်ကြီးနေစေရတဲ့ နောက်ထပ်အချက်ကတော့ အားသွင်းတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ Mate 20 Pro မှာထည့်သွင်းပေးထားတဲ့ ဘက်ထရီပမာဏဟာ 4200 mAh ရှိပြီး လက်ရှိမိုဘိုင်းလောကမှာ အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ်လည်း ထည့်သွင်းပေးထားပါတယ်။ Mate 20မှာတော့ 4000 mAh ရှိတဲ့ ဘက်ထရီပါဝင်ပြီး Huawei Supercharge နည်းပညာထည့်သွင်းပေးထားမို့ ဖုန်းအားသွင်းရင် အချိန်ကြာတာမျိုးတွေ မရှိတော့ပါဘူး။ Security ပိုင်းမှာဆိုရင်လည်း Mate 20 Pro မှာ In Display Fingerprint စနစ်အပြင် ညဖက်အလင်းရောင်မရတဲ့ အချိန်တွေမှာပါ Unlock ပြုလုပ်နိုင်မယ့် Face Unlock စနစ်တွေပါ ပါဝင်လာတာကြောင့် အသုံးပြုသူတွေကိုပိုမို အဆင်ပြေနေစေမှာပဲ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့ပထမဦးဆုံးအလန်းစား စွမ်းဆောင်ရည်တွေအပြင် ဘယ်ဖုန်းမှာမှ မမြင်တွေ့ရသေးတဲ့ နောက်ကျောဘက်ကင်မရာ ဒီဇိုင်းတွေကြောင့် Huawei ရဲ့ Mate 20 Pro နဲ့ Mate 20 ဟာ တစ်ခြားနာမည်ကြီး Flagship စမတ်ဖုန်းတွေကိုနောက်ကောက် ချနိုင်မလားဆိုတာကတော့ စောင့်ကြည့်ချင်စရာကောင်းလှပါတယ် ခင်ဗျာ…

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။