တရုတ်မီဒီယာဝက်ဘ်ဆိုက်တစ်ခုမှာတက်လာတဲ့ အဆိုပါဗီဒီယိုဟာ တစ်ခဏလေးအတွင်းမှာ အင်တာနက်အသုံးပြုသူတွေကြား အလျင်အမြန်ပျံ့နှံ့သွားပြီး အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။ 

ဗီဒီယိုထဲမှာဆိုရင် ခပ်ဟော့ဟော့ဝတ်ထားတဲ့ အလယ်တန်းကျောင်းသူတစ်သိုက်ဟာ ကျောင်းသူလေးတစ်ယောက်ကို မတရားအနိုင်ကျင့်နေတာကိုတွေ့ရမှာပါ။ သူတို့ဟာ အဆိုပါကျောင်းသူလေးကို ဒူးထောက်ထားစေခဲ့ပြီး ပါးရိုက်တာ၊ ကန်ကျောက်တာ၊ ဆံပင်ဆွဲတာကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြပါတယ်။

ဒေါသပေါက်ကွဲနေတဲ့ အင်တာနက်အသုံးပြုသူတွေဟာ အဆိုပါဗီဒီယိုကို ရဲဌာနကိုပေးပို့ပြီး စစ်ဆေးစေခဲ့ပါတယ်။ စစ်ဆေးချက်အရ အနိုင်ကျင့်ခံရတဲ့မိန်းကလေးရဲ့ မျိုးရိုးနာမည်ဟာ Huang ဖြစ်ပြီး သူမဟာ အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။ သူမရဲ့အတန်းတွင်းလုပ်ဆောင်ချက်တွေကို မကျေနပ်တဲ့ မျိုးရိုးနာမည် Liu အမည်ရှိတဲ့ ကျောင်းသူကနေဦးဆောင်ပြီး Huang နဲ့အတူ ပြသနာကိုဖြေရှင်းပြီး QQ ကနေတစ်ဆင့် ချိန်းဆိုခဲ့တယ်လို့သိရပါတယ်။

Huang ဟာ အနိုင်ကျင့်ခံရတဲ့တောက်လျောက်မှာ ဘာမှပြန်မလုပ်ဘဲ ငိုယိုပြီး ငြိမ်ခံနေတာကို တွေ့ရမှာဖြစ်ပြီး နောက်ဆုံးမှာ အနိုင်ကျင့်တဲ့ ကျောင်းသူတစ်သိုက်ဟာ Huangကို အဝတ်အစားတွေဆွဲချွတ်ပြီး ကိုယ်လုံးတီးနဲ့ ဓာတ်ပုံတွဲရိုက်စေခဲ့တာကို တွေ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အနိုင်ကျင့်သူတွေကို Yongxinမြို့ ရဲဌာနကနေ ဖော်ထုတ် အပြစ်ပေးရန် စီစဉ်နေပြီး Huang ကိုတော့ Siyuan အလယ်တန်းကျောင်းမှ ဆရာမတွေဟာ ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။