ခန္ဓာကိုယ်အလှက မိန်းကလေးတစ်ယောက်အတွက် ၅%လောက် အရေးကြီးပါတယ်။ ဒီလိုပဲ ယောကျာ်းလေးတွေ အတွက်လည်း စမတ်ကျတဲ့ ခန္ဓာကိုယ်လေး ရှိမှ ကောင်မလေးတွေက ကြွေမှာပါနော်။ ဒါဆို ပိုက်ဆံ သိပ်မကုန်ပဲ ကိုယ့်ရဲ့ နေထိုင် မှုပုံစံလေးတွေကိုပြောင်းလိုက်တာနဲ့ သွယ်လျမယ့် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်မယိ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

(၁) အရင်တုန်းက စားနေကြအတိုင်းအတာထက် နည်းနည်းလေးလျော့ စားလိုက်ပါ။ သင်နေ့စဉ်စားတဲ့ ထဲမှာ အချိုဓာတ်နဲ့ အဆီဓာတ်တွေ ပါတဲ့ အစားအသောက်တွေကိုတော့ တတ်နိုင်သလောက် ရှောင်ကျဉ်သင့်ပါတယ်။ ဒါပြင် အမျှင်ဓာတ်ပါတဲ့ အသီးအနှံ၊ ပဲ နဲ့ ဟင်းနုနွယ်စတဲ့ အစားအစာတွေကို အများအပြားစားသုံးသင့်ပါတယ်။

(၂) အိပ်ယာကို စောသထက်စောအောင်ထပါ။ အိပ်ယာထချိန်နောက်ကျခြင်းကလည်း ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆီတွေကိုပို ပြီးဖြစ်စေနိုင်တာကြောင့် အိပ်ယာကို စောစောထပြီး ကိုယိလက်လေ့ကျင့်ခန်းလှုပ်ပေးရပါမယ်။ အရေးကြီးတာကတော့ အိပ်ယာထပြီးတဲ့ အချိန်မှာ ရေအေးအေးတခွက်သောက်ပေးရပါမယ်နော်။

(၃) အစားအစာတဲ့အခါမှာ အစာကို ကြေညက်စွာဝါးဖြင်းနဲ့ အစားကိုပုံမှန် ဖြေးဖြေးစားသုံးခြင်းက အဝလွန်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) နံနက်စာကို ရေတခွက်နဲ့ သစ်သီးတွေကို စားပေးသင့်ပါတယ်။ ညနေပိုင်းအချိန်တွေမှာဆိုရင် သစ်သီးဖျော်ရည်၊ ကော်ဖီ တို့ကိုလည်း သောက်သုံးပေးသင့်ပါတယ်။

(၅) ညမအိပ်ခင်မှာ ကိုယ်ရဲ့ အလေးချိန် အတက်အကျကို အမြဲ မှတ်တမ်းတင်ဖို့လည်း လိုပါသေးတယ်နော်။

ဒီလိုဆိုရငိတော့ သွယ်လျလှပတဲ့ ခန္ဓာကိုယ် လေးကို တစ်ပတ်အတွင်း ပိုင်ဆိုငိနိုင်ပါပြီနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။