ဒီနေ့မနက်မှာ ကျောက်ကပ်နဲ့အထူးကုဆရာဝန်ကြီး ပြောပြချက်အရ ကျောက်ကပ်ခွဲစိတ်လို့ရပြီဖြစ်ပေမယ့် ကျောက်ကပ်အလှူရှင်လိုအပ်နေပါသေးတယ် ။ အသက် ၂၅ ကနေ ၄၀ ကြားမှာရှိတဲ့ သွေးအမျိုးစား B ဖြစ်တဲ့ ကျောက်ကပ်အလှူရှင် အရေးတကြီးလိုအပ်နေတာဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာခွဲစိတ်ရင် သိန်း ၂၀၀ အထက်ကုန်ကျမှာဖြစ်ပြီး နိုင်ငံခြားမှာခွဲစိတ်ရင်တော့ သိန်း၃၀၀ နဲ့ ၅၀၀ ကြားကုန်ကျမှာဖြစ်လို့ လက်ရှိအလှူငွေစုစုပေါင်းက သိန်း ၅၀ကျော်လေးသာ ရထားတာကြောင့် မကစ်ကိုချစ်တဲ့ ပရိသတ်တွေ လည်း တစ်တပ်တအားကူညီပေးကြဖို့ သရုပ်ဆောင်ခင်သဇင်က ပရိသတ်တွေကို တောင်းဆိုလိုက်တာပါ ။ 

ဒီနေ့မနက် ခင်သဇင်ဆေးရုံသွားတဲ့အချိန်မှာတော့ မကစ်က သူ့မျက်လုံးတွေ ဘာမှမမြင်ရတော့ဘူး လို့ ပြောလို့ သဇင်အမြန်ဆုံးခွဲစိတ်ပေးချင်တယ်လို့ မျက်ရည်တွေကျပြီး ပြောခဲ့တာဖြစ်ပါတယ် ။ သမီးလေး တစ်ယောက်နဲ့ ဆွေမျိုးသားချင်းမရှိတဲ့ မုဆိုးမတစ်ယောက်ဖြစ်လို့ လူလူချင်းကြည့်မယ်ဆိုရင်တောင် ကူညီသင့်တဲ့လူနာထဲမှာပါတယ်လို့ ခင်သဇင်ကပြောပြခဲ့ပါတယ် ။ ဆေးရုံမတက်ခင်က လက်ယားလို့လက်ကုတ်ရင် လက်ကအရည်တွေထွက်ပီးဆီးတွေပါ ပါလာတယ်လို့လည်းသိရပါတယ် ။ လက်ကိုဆေးထိုးအပ်ထိုးတာနဲ့တောင် သွေးတွေကအပြင်ကိုပန်းပြီး ထွက်လာနေပြီဖြစ်တဲ့အပြင် သူ့ခန္ဓာကိုယ်ကထွက်သမျှအရာတိုင်းက နံနေပြီဖြစ်တယ်လို့လည်း သိရပါတယ် ။ 

လွန်ခဲ့တဲ့ ၆လက ရုပ်ရှင်မရိုက်ရတာကြာလို့ ထမင်းတောင်မစားရတာ ကျွန်မ သမီးလေးနဲ့ ကျွန်မနဲ့ ၃ရက်တောင်ရှိသွားပြီ လို့ တေးရေး ကိုမင်းကို ကိုမကစ်ကပြောပြခဲ့သေးတယ်လို့သိရပါတယ် ။နယ်တွေသွားပြွး  လမ်းတောင်မလျှောက်နိုင်ပေမယ့် ကိုမင်းကို ကိုယ်တိုင်စင်ပေါ်တွဲတင်ပေးပြီး သီချင်းဆိုလို့ရတဲ့ ပိုက်ဆံလေးနဲ့ သူ့ဘဝသူရပ်တည်ခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒါကြောင့် ပြည်သူချစ်သောအနုပညာရှင်တစ်ယောက် ဖြစ်တဲ့  မကစ်ဘဝကိုစာနာသောအားဖြင့် တတ်အားသမျှ ပါဝင်လှူဒါန်းပေးကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ။

Source:  Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။