တနေ့ က တောင်ဥက္ကလာမှာ မီးလောင်မှုဟာ တော်တော်ကို ကြီးမားခဲ့တယ်လို့သိရပါတယ်။ အလျှင်အမြန်ငြိမ်းသက်နိုင်ခဲ့သော်လည်း ဆုံးရှုံးသွားတဲ့ သူတွေအတွက်တော့ မချိမနံ့အောင် ခံစားရရှာမှာပါ။ အငြိမ့်မင်းသား တင်မောင် ဆန်းမင်းဝင်းအိမ်ဟာ မီး လောင်တာ မဟုတ်ဘဲ မီး အဟပ်ခံရတာလို့ သိရသော်လည်း ဒီ သရုပ်ဆောင်ရဲ့ အိမ်ကတော့ မီးထဲကို ပါသွားခဲ့ပါတယ်။

ရုပ်ရှင်နှင့်ဗီဒိယိုသရုပ်ဆောင် ကိုညီညီမင်း၏ နေအိမ်တိုက်ခန်းသည် တောင်ဥက္ကလာ ၉ရပ်ကွက် သူရ

၂လမ်းမီးလောင်ရာတွင် ပါဝင်ဆုံးရှုံးခဲ့ရကြောင်း မီးဘေးသင့်ကယ်ဆယ်ရေး ယာယီဓမ္မာရုံရောက်ကိုရောက်မှသိရှိခဲ့ရပါတယ်ဗျာ နှစ်ရှည်လများအနုပညာအလုပ်ကရရှိလာသည့်ငွေကြေးလေးများ တစ်ညထဲနဲ့ အကုန်ပြောင်သွားခဲ့တာကို ရင်ထဲမှာမချိပေမဲ့ ရိုက်ကူးရေးအတွက် ခေတ်အဆက်ဆက်အဝတ်အစားများနှင့် ကားရိုက်အတွက်အဝတ်အစားဘာတစ်ခုမှမကျန် မီးထဲပါသွားတာ ပိုပြီးဝမ်းနည်းကြောင်း နှင့် ဘဝကိုဘယ်ကဘယ်လိုပြန်စရမှန်းမသိအောင် ဖြစ်သွားရပါတယ်လို့ မျက်ရည်လေးဝိုင်းပြီး ပြောကြားလာတာမြင်ရတာ ရင်ထဲစို့ပြီးအလွန်စိတ်မကောင်းဖြစ်ခဲ့ရပါသည် ဗျာ

ရုပ်ရှင်သမားတစ်ဦးအခုလိုအတိဒုက္ခရောက်နေသည့်အတွက် ရုပ်ရှင်သရုပ်ဆောင်လောကသားများနှင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူလူကြီးမင်းများ မှ တတ်နိုင်သောကူညီထောက်ပံ့မှုများပြုလုပ်ပေးစေချင်ပါကြောင်း လေးစားစွာဖြင့် အသိပေးနှိုးဆော်အပ်ပါသည်ဗျာ

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။