မြန်မာ့အနုပညာလောကကြီးကို တစိတ်တပိုင်းပြောင်းလဲစေပြီး တုန်လှုပ်စေခဲ့တဲ့ လူငယ်ဒါရိုက်တာပညာရှင်တွေကတော့ လတ်တလောမှာ အများအပြားထွက်ပေါ်လို့လာပါတယ်။ ဖန်တီးမှု အသစ်တွေနဲ့ ရုပ်ရှင်နည်းပညတွေကို အထူးပြုဘာသာရပ်အဖြစ် နိုင်ငံတကာတွေထိ သွားရောက်လေ့လာပြီး အမိမြန်မာနိုင်ငံရုပ်ရှင်လောကကို ပြန်လည် အကျိုးပြုဖို့ ကြိုးစားနေတဲ့ လူငယ်ဒါရိုက်တွေထဲမှာ ခီမောင်နှံ လည်း အပါအဝင်ဖြစ်ပါတယ်။

ခီမောင်နှံ ဆိုရင်တော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်သလို ပရိသတ်တွေရဲ့ နှလုံးသားရင်ထဲ ခံစားချက်တွေထိ ထိရောက်စေခဲ့တဲ့ "မုဒြာခေါ်သံ" နဲ့ "ဥပါယ်တံမျဉ်" ရုပ်ရှင်ကားကြီး(၂)ကားရဲ့ ပဲ့ကိုင်ရှင်တွေ ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားလုံးဟာ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ရုံပြည့်ရုံလျှံ ဝက်ဝက်ကွဲ အားပေးမှုနဲ့ အတူ (၃)ကြိမ်ထက် မနည်း အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားကြီးတွေ ဖြစ်ပါတယ်။

ခီမောင်နှံလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ဆိုကြတဲ့ ဒါရိုက်တာ မင်းသား ဇဏ်ခီ  နဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ကတော့ ရုပ်ရှင်လောကကို ပညာသားပါပါနဲ့ ဇာတ်လမ်းသစ်တစ်ခု ထိုးဖောက်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ နောက်ထပ် တတိယ မျိုးဆက်သစ် ဖြစ်တဲ့ " ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးကို မွေးဖွားဖို့ ပြင်ဆင်နေပြီ ဖြစ်သလို့ ဒီဇာတ်ကားကြီးရဲ့ ရိုက်ကွင်းနေရာတွေကိုလည်း မြန်မာနိုင်ငံရဲ့ အကောင်းဆုံးနဲ့ အလှဆုံး နေရာတွေမှာ ရိုက်ကူးမှာဖြစ်ပါတယ်။ လက်ရှိမှာ ရိုက်ကူးဖို့အတွက် ရိုက်ကွင်းအသေးစိတ်နေရာတွေကို လေ့လာနေပြီး "ပုပ္ပါး" နဲ့ " ပူတာအို" နေရာနှစ်ခုကို အဓိက ပစ်မှတ်ထား သွားရောက်လေ့လာနေသလို "ထာဝရနှောင်ကြိုး" ရုပ်ရှင်အဖွဲ့သားတွေရဲ့ လတ်တလော ကြိုးပမ်းလှုပ်ရှားမှုတွေကို ဖော်ပြလိုက်ရပါတယ်။ 

source: Zyann Kyii & ထာဝရနှောင်ကြိုး ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။