ပရိတ်သတ်တွေရဲ့ အချစ်တော်တွေဖြစ်တဲ့ အဆိုတော် လင်းလင်းနဲ့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော်တစ်ဦး ဖြစ်တဲ့ ချစ်သုဝေတို့ရဲ့ အမြွာသမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ် နဲ့ သစ်ဟာ ဆိုရင် အရမ်းကိုချစ်စရာကောင်းတဲ့ ကလေးတွေပဲဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာသာမက ဆရာဝန်တစ်ဦးဖြစ်တဲ့ မေမေ ချစ်သုဝေရဲ့ သမီးလေးတွေဖြစ်တာကြောင့် ကံကောင်းမှုတွေနဲ့ ပြည့်နေတဲ့ ဘဝလေးတွေကို ပိုင်ဆိုင်ထားရသူလေးတွေပဲ ဖြစ်ပါတယ်။

မိသားစုလိုက် ခရီးတွေ အမြဲ သွားနေတဲ့ ချစ်သုဝေတို့ မိသားစုကတော့ ပရိတ်သတ်တွေက အားကျရတဲ့ ပျေ်ာရွှင်စရာမိသားစုလေး အဖြစ်အသိအမှတ်ပြုခံထားရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ အလုပ်တွေဘယ်လောက်ရှုပ်ရှုပ် သမီးလေးတွေအတွက် အမြဲ အချိန်ပေးပြီး ဖေဖေ မေမေရဲ့ မေတ္တာတွေကို အပြည့်အဝပေးတဲ့ မိဘကောင်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံခြားကလေး လေးတွေကို ချစ်စရာကောင်းတဲ့ ခေတ် နဲ့ သစ်ဟာဆိုရင် အသက်ငယ်ငယ်လေးနဲ့ တင် ပရိတ်သတ်ကြားမှာ နာမည်ကျော်ပြီး ပရိတ်သတ်တွေရဲ့ အချစ်ကို သည်းသည်းလှုပ်ခံနေရသူလေးတွေပဲ ဖြစ်ပါတယ်။

အရမ်းကို ချစ်စရာကောင်းပြီး လည်တဲ့ ခေတ်နဲ့ သစ်ကတော့ ဉာဏ်ကောင်းပြီး ထူးချွန်တဲ့ သူလေးတွေပဲ ဖြစ်ပါတယ်။ မကြာသေးခင်က မိသားစု Tripလေးမှာ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိတ်သတ်တွေကို အချစ်တွေတိုးအောင်လုပ်လိုက်တဲ့ ခေတ်နဲ့ သစ်ကတော့ ဖေဖေ မေမေတို့နဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေတဲ့ ဗီဒီယိုဖိုင်လေးကို မေမေ ချစ်သုဝေက တင်ထားတာဖြစ်ပါတယ်။ အရမ်းတတ်တဲ့ ခေတ် နဲ့ သစ်ကတော့ မေမေ မေးသမျှကို အကုန်ဖြေပြီး မေမေ ဖေဖေကိုကော ပရိတ်သတ်တွေကိုပါ အချစ်တွေတိုးအောင်လုပ်လိုက်ပြန်ပါပြီ။ ပရိတ်သတ်တွေ အချစ်တွေတိုးစေဖို့ ခေတ် နဲ့ သစ်တို့ ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလိုက်ပါပြီနော်။

Source: Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။