MRTV Entertainment Channel ကထပ်မံတင်ဆက်မယ့် Reality TV Show တစ်ခုဖြစ်ပါတယ် ။ LOSE2WIN with Andy လို့အမည်ပေးထားတဲ့ အဆိုပါ Show မှာပါဝင်ယှဉ်ပြိုင်သူများကို Body Trainer ဆရာ Andy က 5 လ Camp သွင်းလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားအသက် ၁၈ - ၄၀ အတွင်းရှိ ၀ိတ်လျော့လိုသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကာ လေ့ကျင့်ချိန် ၅ လအတွင်း ပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ဆရာဝန်ရဲ့ ထိုသို့လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်ပါကြောင်း ကျန်းမာရေးထောက်ခံစာလဲ လိုအပ်တယ်လို့ဖော်ပြထားပါတယ် ။ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ကာကိုယ်အလေးချိန်သိသိသာသာလျော့ချနိုင်သူကို ဂုဏ်ပြုဆုငွေ သိန်း ၁၀၀ ချီးမြှင့်သွားမှာဖြစ်တယ်လို့ဆိုပါတယ် ။

လျှောက်လွှာပုံစံများကို MRTV 4 ရဲ့ facebook Page နဲ့ LOSE2WIN with Andy Facebook Page တို့မှာ အခမဲ့ Download ဆွဲနိုင်ပါတယ်လို့ဖော်ပြထားပါတယ် ။ မြန်မာနိုင်ငံရဲ့ပထမဆုံး ၀ိတ်လျော့ပြိုင်ပွဲက စိတ်ဝင်စားစရာပြိုင်ပွဲတစ်ခု ဖြစ်လာလေမလား ? ၀ိတ်လျော့လိုသူတွေအတွက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်မယ့်အခွင့်အရေးပဲနော် ... ။

Source : Lose2Win with Andy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။