လက်ရှိ မြန်မာ့နိုင်ငံရဲ့ဂီတာဘုရင်တစ်ဦးလို့ တင်စားခြင်းခံထားရတဲ့ ချစ်စမ်းမောင်ကိုတော့ အားလုံးလေးစားချစ်ခင်ကြမှာအမှန်ပဲဖြစ်ပါတယ်။ Iron Cross အဖွဲ့ရဲ့ အဓိကပင်တိုင်ဂီတာပညာရှင်တစ်ဦးဖြစ်သလို့ နိုင်ငံတကာ ဂီတာပွဲတွေမှာလည်းတက်ရောက်ဖျော်ဖြေလေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိပြည်တွင်းနာမည်ကြီးနေတဲ့ မြင်းခြံမြို့ ဂီတပညာရှင်ညီအကိုနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်တွေကိုတော့ အားလုံးလည်းနာထောင်မိမယ်ထင်ပါတယ်။  

အဆိုပါ ညီအကိုနှစ်ယောက်ကတော့ မကြာသေးမီက ဆရာချစ်ဆီသွားရောက်ခဲ့ကြပြီးအမိုက်စားလက်ကွက်တွေနဲ့အတူအကောင်းဆုံးဖျော်ဖြေပေးခဲ့ကြကြောင်းသိရပါတယ်။ ဆရာချစ်ရဲ့ လက်ဆွဲတော်ဂီတာနှင့်အတူ Music အခန်းကြီးထဲမှာ သွားရောက်တီးခတ်ခဲ့ကြပြီး ဆရာချစ်ကို အကြိုက်တွေ့စေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့ပြီး ဆရာချစ်ရဲ့ ချီးကြူးမှုတွေကလည်း ကျေနပ်စေလောက်တာအားလုံးအတွေ့ပဲဖြစ်မယ်ထင်ပါတယ်။ 

အဆိုပါဖျော်ဖြေမှုအပြီးတွင် ဆရာချစ်ကတော့ သူ့ရဲ့ မြတ်နိုးတန်ဖိုးထားတဲ့ ဂီတာတစ်လက်ကိုလည်း လက်မှတ်ရေးထိုးပြီး လက်ဆောင်အဖြစ်ပေးခဲ့ကြောင်း သိရပါတယ်။ တချိန်မှာ မြန်မာနိုင်ငံရဲ့ ဂီတပညာရှင်လေးတွေဖြစ်လာမည့်အဆိုပါ မြင်းခြံမြို့နေညီအကိုနှစ်ယောက်ရဲ့ တီးခတ်မှုဗီဒီယိုဖိုင်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Vedio - THAE AYE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။