ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ဖော်ပြချင်တဲ့ အကြောင်းအရာလေးကတော့ လတ်တလော လူကြားထဲမှာ အပြောများနေတဲ့ ဓာတ်ပုံလေးတစ်ပုံပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံလို့သာ ဆိုပေမယ့်လည်း သေချာကြည့်လိုက်ရင် အဓိပ္ပါယ်ပေါင်းများစွာနဲ့ တွေးမိသူတိုင်းကိုတွေးရင်တွေးသလောက် အဖြေများစွာထွက်ပေါ်နေပါတယ်။ ဒီလိုဆိုရအောင်လည်း ဓာတ်ပုံဟာ ထူးခြားလွန်းနေလို့မဟုတ်ပဲ မိသားစုတစ်စုနဲ့ ကလေးငယ်လေးတစ်ယောက်ကို ရိုက်ကူးထားတဲ့ ပုံလေးပဲဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဘဝသရုပ်ဖော်လို့တောင် တင်စားလို့ရတဲ့ ဒီဓာတ်ပုံလေးထဲမှာ နွမ်းလျစုတ်ပြနေတဲ့ ကလေးငယ်လေးတစ်ယောက်ဟာ ပျော်ရွှင်နေတဲ့မိသားစုတစ်စုကိုကြည့်ပြီး အားကျနေတဲ့ မျက်ဝန်းတွေနဲ့ ငေးနေမိတာပါ။ ဒီကလေးလေးရဲ့ စိတ်ထဲမှာလည်း ကလေးသဘာဝပီပီ သူ့မှာလည်း ဒီလိုမိသားစုသာရှိခဲ့ရင်ဆိုတဲ့ အတွေးလေးတွေးမိနေလောက်မှာပါ။ ဒီဓာတ်ပုံလေးဟာ အတော်လေးကို အသက်ဝင်သွားလှပြီး ကြည့်မိသူတိုင်းကို မျက်ရည်ချူသွားတယ်လို့တောင်ပြောလို့ရပါတယ်။ 

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးမှာ ဒီလိုမျိုးခိုကိုးရာမဲ့နေတဲ့ ကလေးသူငယ်တွေအများကြီးရှိပါတယ်။ သူတို့လေးတွေရဲ့ ဘဝအာမခံချက်ဟာ ဘာမှမရေရာသလို တစ်နေ့စာတစ်နေ့ စားသောက်ဖို့တဲ့အတွက် မသေရုံတမယ် ရုန်းကန်နေကြရရှာပါတယ်။ ဒါ့ကြောင့် ဒီလိုကလေးလေးတွေကို လမ်းပေါ်မှာတွေ့ခဲ့ရင် ကိုယ်တတ်နိုင်သလောက်လေးနဲ့ ကူညီပေးကြပါနော်လို့ မေတ္တာရပ်ခံပါရစေ...

Source : Did U Know ?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။