AFCU23Championship2020ပြိုင်ပွဲရဲ့ခြေစစ်ပွဲစဉ်များမဲခွဲပွဲကိုမနေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုတော့ထိုင်းနိုင်ငံမှာကျင်းပမှာဖြစ်ပြီးခြေစစ်ပွဲတွေကိုတော့မြန်မာအသင်းကအိမ်ရှင်အဖြစ်ကျင်းပပြုလုပ်ခွင့်ရမှာဖြစ်ပါတယ်။ဒီခြေစစ်ပွဲတွေကိုတော့၂၀၁၉ မတ်လမှာရန်ကုန်မြို့မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာခြေစစ်ပွဲအုပ်စု(I)မှာအာရှအင်အားကြီးဂျပန်အသင်းအပါအဝင်တီမော၊မက္ကာအိုအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီခြေစစ်ပွဲမှာအိမ်ရှင်အဖြစ်ကျင်းပခွင့်ရတာကြောင့်ပရိတ်သတ်တွေကတော့ခြေစစ်ပွဲအောင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

ဒီခြေစစ်ပွဲမှာအုပ်စု၁၁ ခုခွဲထားပြီး အုပ်စုဗိုလ်(၁၁) နဲ့အကောင်းဆုံး အုပ်စု ဒုတိယအသင်း ၄ သင်း ခြေစစ်ပွဲ အောင်မြင်မည်မှာဖြစ်ပါတယ်။တီမောအသင်းဟာလည်းနောက်ပိုင်းမှာခြေစွမ်းတောင့်တင်းလာတဲ့အသင်းလည်းဖြစ်ပါတယ်။မြန်မာအသင်းဟာတီမောနဲ့မက္ကာအိုတို့ကိုအနိုင်ကန်နိုင်ရင်ခြေစစ်ပွဲအောင်ဖို့အခွင့်လမ်းတွေရှိမှာဖြစ်တာကြောင့်ပရိတ်သတ်တွေကလည်းနှစ်ပေါင်းများစွာဝေးကွာခဲ့တဲ့အာရှပြိုင်ပွဲကြီးကိုကန်ရဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။