ဆီးအမျိုးစားတွေအနက် အုန်းဆီဟာလည်း ကျန်းမာရေးနှင့်ညီညွတ်တဲ့အထဲပါဝင်နေပါတယ်။ ကျန်းမာရေး အတွက်မသင့်တော်တဲ့ ဆီတွေကတော့ ဝက်ဆီ၊ အမဲဆီ၊ ကယ်လိုရီများတဲ့ဆီတွေ ကို ရှောင်နိုင်သမျှရှောင် တာအကောင်းဆုံးပါ။ အုန်းဆီက တစ်ခြားနေရာတွေမှာလည်း အသုံးဝင်တာတွေရပါတယ်။ ကျန်းမာရေးလိုက် စားတဲ့သူတွေ အတွက်တော့ အုန်းဆီစစ်စစ်ဟာ သက်စောင့်ဆီတစ်မျိုးပါပဲ။ 

အုန်းဆီကို ချင်းပြုတ်ရည်ခပ်နွေးနွေးနဲ့ ထမင်းစားဇွန်းတစ်ဇွန်းလောက် သောက်ပေးရင် အော်ဂလီဆန်ခြင်း၊ နှလုံးပူခြင်းတွေကို ပျောက်ကင်းစေပါတယ်။ ပုံမှန်လေး သုံးဆောင်ပေးရင် ဟော်မုန်းထုတ်လုပ်နိုင်မှုကို ပိုမိုအား ကောင်းစေပါတယ်။ ပြီးတော့ လိပ်ခေါင်းသွေးကျ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။အဲလိုသောက်ပေး ခြင်းအားဖြင့် သွေးလှည့်ပတ်မှုကိုကောင်းစေပြီး အအေးပတ်ပြီး ချမ်းစိမ့်စိမ့် ခံစားရတာတွေကို သက်သာပျေက် ကင်းစေပါတယ်။ကလေးတွေ အတွက်တော့ နှာစေးတာ ကိုယ်ပူခြင်းတို့အတွက် အုန်းဆီက အသုံးဝင်လှပါ တယ်။ 

အုန်းဆီဟာ ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ အပူချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ပြီးတော့အလှပအတွက် အုန်းဆီ နှင့် မုန့်ဖုတ်ဆော်ဒါ နဲ့ရောပြီး သွားတိုက်ပေးရင် သွားကိုဖြူဖွေးစေပြီးခံတွင်းအနံကိုလည်း ပျေက်ကင်းစေပါ တယ်။အရေပြားခြောက်သွေ့တဲ့သူတွေ အုန်းဆီကို လိမ်းပေးခြင်းဖြင့် ဆောင်းတွင်းခြောက်သွေ့တဲ့အသားရည်ကို စိုပြည်စေပါတယ်။ နေပူခြင်း နေလောင်ခြင်းတို့ကိုလည်း ပျေက်ကင်းစေပါတယ်။ကလေးမွေးပြီးတဲ့မိခင်များ အတွက် အနာကိုပျေက်ကင်းစေပါတယ်။

Jolly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။