မိန်းကလေးသာ မက ယောကျာ်းလေးတွေ ပါ အသည်းစွဲကြွေအောင် လူကြိုက်များတဲ့ Cosmics ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Wonder Woman ဇာတ်ကောင်လေးကတော့ 2017ခုနှစ် မှာ ထွက်ရှိခဲ့တဲ့ DC Entertainment ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပထမ မျိုးဆက်သစ်ဖြစ်တဲ့ Wonder Woman (2017 film) ကို ဘာဂျက်ငွေ အမေရိကန်ဒေါ်လာ($120–150 million) သာ အသုံးပြုခဲ့ပေမဲလည်း ကမ္ဘာတစ်ဝန်းမှာ ရုံတင်ပြသခဲ့ပြီး နောက် Box office ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း($821.8 million) ပြန်လည်ရရှိခဲ့ပါတယ်။

ဒီဇာတ်ကားကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ အမျိုးသမီး ဒါရိုက်တာ Patty Jenkins ဟာ Super hero ဇာတ်ကောင် ဖြစ်တဲ့ Wonder Woman ဇာတ်ကောင်ကို မင်းသမီး Gal Gadot နဲ့ ခွဲထုတ်လို့ မရအောင် အမြဲယှဉ်တွဲမြင်စေနိုင်လောက်တဲ့ထိ အောင်မြင်ခဲ့စေပါတယ်။ ဒါကြောင့်လည်း Wonder Womanကို အရမ်းရူးသွပ်တဲ့ ပရိသတ်တွေကို ပြန်လည်မျက်စိအစာကျွေး ရသဖြည့်ပေးနိုင်ဖို့ အတွက် အချိန်မြန်မြန်နဲ့ နောက်ထပ် ဒုတိယမျိုးဆက်သစ် Wonder Woman 1984 (2020) ခေါ် WW84 ကို ပြန်လည် ရိုက်ကူးဖို့ 2018ခုနှစ် နှစ်လယ်ပိုင်းလောက်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာ Patty Jenkinsကပဲ ပြန်လည် ရိုက်ကူးပြီး ဇာတ်လမ်းရိုက်ကူးရေးကတော့ တဝက်လောက် ပြီးစီးနေပြီလို့ ခန့်မှန်ခြေ အနေအထားမှာ ရှိပါတယ်။ ထုံးစံအတိုင်း မင်းသမီးကတော့ အသက်(၃၃) နှစ်ရှိပြီဖြစ်တဲ့ အစ္စရေး မင်းသမီးချော Gal Gadot ဖြစ်ပြီး ခေါင်းဆောင်မင်းသားကလည်း Chris Pine သာဖြစ်ပါတယ်။ ဒုတိယ ထွက်ရှိတဲ့ ရုပ်ရှင် Series တိုင်းဟာ ပထမဇာတ်ကားထက် ပေါ့လို့မသွားပဲ ပိုမိုဂရုစိုက် ကြိုးစားရမှာ ဖြစ်သလို ဘယ်လို တင်ဆက်မှုပြသနိုင်မလဲဆိုတာ စိန်ခေါ်မှုတွေ တချို့ရှိနေတဲ့ WW84 ကတော့ 2018ခုနှစ် ဇွန်လ လောက်ကတည်းက ဝါရှင်တန်မှာ ရိုက်ကူးခဲ့တဲ့ ပုံရိပ်တချို့ နဲ့ အတူ ဖော်ပြပေးရင်း ရုပ်ရှင်ထွက်ရှိမဲ့ Release Date ကတော့ အစပိုင်းမှာ 2019 လို့ ခန့်မှန်းခြေ ဆိုခဲ့ပေမဲ့ တကယ်တမ်းထွက်ရှိမဲ့ ရက်ကတော့ 2020 ခုနှစ် ၊ ဇွန်လ(၅) ရက်နေ့ ဖြစ်ပါတယ်။

source: http://www.justjared.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။