မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ နိုဝင်ဘာလ ၈ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတိုင်းမီးလောင်မှုကြီးတစ်ခုကတော့ ထပ်မှန်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။  

အဆိုပါ မီးလောင်မှုကြီးကတော့ ဒီကနေ့ နိုဝင်ဘာလ ၈ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း (၄၈) ရပ်ကွက်၊ အောင်တံခွန် အမှတ်(၃)လမ်းတွင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မီးလောက်မှုကတော့ ဒီကနေ့ နံနက်ပိုင်း ၈နာရီ ၄၀မိနစ် ဝန်းကျင့်ခန့်တွင်စတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်ဌာနမှာ မီးငြိမ်းယာဉ် Level 1 အဆင့်ဖြင့်သွားငြိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။ 

မီးလောင်ကျွမ်းမှုကို ၈နာရီ ၅၀မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဌာနမှ သတင်းရရှိပါတယ်။ ဆိုးရွားတဲ့မီးလောင်မှုကြောင့် လူနေအိမ်များစွာလောင်ကျွမ်းပျက်စီးခဲ့ရပြီး ထိခိုက်သေဆုံးသူမရှိခဲ့ကြောင်း သိရပါတယ်။ မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ မီးဘေးအန္တရယ်ကို ကြိုတင်သတိပြုနိုင်ရန် ဒီကနေ့ မီးလောင်မှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - နာရေးကူညီမှုအသင်း ရန်ကုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။