မတ်လ ၆ရက် နေ့ ကဖြစ်ပွားခဲ့တဲ့ လောက်ကိုင်မြို့ တိုက်ခိုက်ခံရမှုမှာ အရပ်သား ငါးဦး အပါအဝင် အနည်းဆုံး လူပေါင်း ၃၀ သေဆုံးခဲ့ပါတယ်။ အရပ်သား ၅ ဦး၊ ရဲ ၅ ဦးနဲ့ လက်နက်ကိုင်အရေအတွက် ၂၀ လောက် သေဆုံးခဲ့တယ်လို့ BBC သတင်းဌာနမှာဖော်ပြထားပါတယ်။

လောက်ကိုင်မြို့ရဲ့ အဓိကနေရာတချို့ကို လက်နက်ကိုင်အဖွဲ့တွေက မနက် နှစ်နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဝတ်စုံတွေ ဝတ်ဆင်ထားပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ MNDAA အပြင် မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တင်ပေါင်းစုကအခြားတပ်တွေလည်းပါဝင်တယ်လို့ သိရှိရပါတယ်။

အဆိုပါတိုက်ပွဲကြောင့် လောက်ကိုင်မြို့နယ် အမက (လောင်အဲချီ)မှ မူလတန်းပြ ဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်ပြာမှီ လည်း သေဆုံးသွားတယ်။ သူမဟာကလေးမီးဖွားခွင့် ယူထားတာကနေ ကျောင်းပြန်တက်တာ လေးရက်လောက်ပဲရှိပါသေးတယ်။

လောလောာဆယ်တော့ တပ်မတော်က လောက်ကိုင်မြို့နယ်ထဲမှာ လုံခြုံရေးဆောင်ရွက်နေပြီး ကျေးရွာနေရာတချို့မှာ ပစ်ခတ်မှု တချို့ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် BBC Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။