တောင်ဥက္ကလာ၉ရပ်ကွက် သူရ၂လမ်းမီးလောင်မှုမှာ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး ပွဲစီစဉ်သူအလွှာမှ ဥက္ကဋ္ဌ ဦးဌေးလွင်၏အိမ်လဲ မီးဘေးသင့်တဲ့အထဲပါဝင်သွားခဲ့သလို ရုပ်ရှင်နှင့်ဗီဒိယိုသရုပ်ဆောင် ကိုညီညီမင်း၏အိမ်လဲပါဝင်သွားခဲ့ပါတယ် ။ မီးဘေးသင့်တဲ့ အိမ်ထောင်စု ၁၁ စုအထိရှိခဲ့ရာမီးဘေးသင့်ကယ်ဆယ်ရေးယာယီဓမ္မာရုံမှာခိုလှုံနေကြရပါတယ်။ ထို မီးဘေးသင့်ပြည်သူများအတွက် ဟန်ဇာ အဂ္ဂါ တင်ဇာ စံပြသဘင်မိသားစုမှ လာရောက်လှုဒါန်းခဲ့ပြီး နှစ်သိမ့်အားပေးစကားများပြောကြားခဲ့ပါတယ် ။ သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌတင်မောင်ဆန်းမင်းဝင်းတို့နေအိမ်လဲ မီးဟပ်ခံရသဖြင့်ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့တဲ့အတွက် အိမ်တိုင်ရာရောက်သွားရောက်လှုဒါန်းခဲ့ကြောင်းလဲသိရှိရပါတယ် ။

Source : U Kaung Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။