ပရိတ်သတ်တွေစိတ်ဝင်စားဆုံးဖြစ်ပြီးအာစီယံဒေသတွင်းအဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ဆူဇူကီးပြိုင်ပွဲကတော့ဒီနေ့မှာစတင်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ဒီနေ့အုပ်စု(က)ကြီးရဲ့ပွဲတွေဖြစ်တဲ့ကမ္ဘောဒီးယားနဲ့မလေးရှား၊လာအိုနဲ့ဗီယက်နမ်အသင်းတို့ပွဲစဉ်တွေကိုစတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 

အုပ်စု(က)ရဲ့အသင်းတစ်သင်ဖြစ်တဲ့မြန်မာအသင်းကတော့နိုဝင်ဘာလ၁၂ရက်နေ့မှမန္တလေးမြို့မန္တလာသီရိကွင်းမှာကမ္ဘောဒီးယားအသင်းနဲ့ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။မြန်မာအသင်းကတော့ယခုအချိန်ထိအပြီးသတ်လူစာရင်းမထုတ်ပြန်သေးပေမယ့်အာစီယံအသင်းတွေအကုန်နီးပါးကတော့ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာအသင်းကတော့ဒီနှစ်ဆူဇူကီးပြိုင်ပွဲမှာဂျာစီအသစ်နဲ့ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့ကအသင်းဂျာစီသစ်မိတ်ဆက်ပွဲကျင်းပခဲ့ပြီးပရိတ်သတ်တွေကြိုက်နှစ်သက်ခဲ့ကြတာပါ။နှစ်ပေါင်းများစွာအောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာအသင်းကတော့ဒီနှစ်ဆူဇူကီးပြိုင်ပွဲမှာဂျာစီသစ်နဲ့ဘယ်လိုအကောင်းဆုံးခြေစွမ်းတွေနဲ့ဘယ်လိုအောင်မြင်မှုတွေယူနိုင်မလဲဆိုတောတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါ။

PHOTO:AFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။