လောကမှာ ကံသာကောင်းကြည့် ဘဝကချက်ချင်းပြောင်းလဲသွားမှာ မုချဧကန်ပဲဆိုတာ ယုံကြတယ်မှတ်လား ပရိတ်သတ်ကြီး။ ဒါကြောင့်မို့လို့လဲ ပေါက်နိုးပေါက်နိုးနဲ့ လတိုင်းထီထိုးနေကြတာပဲမှတ်လား။ ဟုတ်ပါတယ်... လှံထမ်းလာတာကိုသာ မြင်ရရင်မြင်ရမယ် ကံထမ်းလာတာကိုတော့မမြင်ရဘူးဆိုတာကို ဒီနေ့ အရမ်းထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုနဲ့ သက်သေပြပါမယ်ဗျ။ 

၁၉၉၉ခုနှစ်မှာ အသက်(၃၇)အရွယ် သြစတေးလျလူမျိုး ဘေးလ်မော်ဂန်ဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံရောက်ခဲ့ရပါတယ်။ ဆရာဝန်များက ဘေးလ် သေပြီဟု ကြေငြာအပြီး (၁၄)မိနစ်မှာ နှလုံးပြန်ခုန်လာခဲ့ပါတယ်။ ဒါပေမယ့် ဘေးလ်ဟာ ကိုမာရောဂါကိုခံစားခဲ့ရပါတယ်။ အဲ့နောက်မှာဘာမှထပ်မထူးခြားလာတဲ့အတွက် ဆရာဝန်တွေက အသက်ရှူကိရိယာတွေကိုဖြုတ်ပစ်ဖို့နှစ်ကြိမ်တိတိ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့်ဘေးလ်ဟာ (၁၂)ရက်အကြာမှာ ဘာရောဂါမှမခံစားရတော့ဘဲအကောင်းပကတိအတိုင်းအသက်ပြန်ရှင်လာခဲ့ပါတယ်။

သူဟာ ကံဆိုးတဲ့သူ့ဘဝအတွက် ကံစမ်းဖို့ ခြဲခစ်ကဒ်တစ်ခုကိုဝယ်ပြီးခြစ်ခဲ့ပါတယ်။ လုံးဝထင်မထားလောက်အောင် $17000တန် ကားတစ်စီးပေါက်ခဲ့ပါတယ်။ ကံထူးရှင်ကိုဗျူးတဲ့အနေနဲ့ သတင်းဌာနတစ်ခုကနေ ဘေးလ်နဲ့တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုပ်ခဲ့ပါတယ်။ အဲ့အချိန်မှာ သတင်းဌာနကအပျော်သဘောအနေနဲ့ ဘေးလ်ကို ခဲခြစ်ကဒ်နောက်တစ်ခုဝယ်ပြီးကံစမ်းစေခဲ့ပါတယ်။ လုံးဝမယုံကြည်နိုင်လောက်အောင်ပဲ တိုက်ရိုက်ထုတ်လွှင်နေတဲ့ထဲမှာတင် သူဝယ်ပြီး အပျော်သဘောနဲ့ ခြစ်လိုက်တဲ့နောက်ကဒ်တစ်ကဒ်က $ 25000 ထပ်ပေါက်နေခဲ့ပြန်တယ်ဗျာ။ 

Source : todayifoundout

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။