မိခင်ဆိုတာကတော့ သားသမီးတိုင်းအတွက် ဆပ်လို့မကုန်နိုင်လောက်အောင် ကျေးဇူးကြီးမားလှတဲ့ ကျေးဇူးရှင်ကြီးတွေပါပဲ။

သူတို့ခေါ်ဆောင်လာလို့သာ လူ့ဘ၀ လူ့ဘုံဆိုတာကြီးကို ခံစားသိရှိခွင်ရပေမယ့် တခါတရံမှာသားသမီးတွေဟာ ဒီကျေးဇူးတရားတွေကိုမှမထောက် မိဘတွေကို ပြစ်တင်ပြောဆိုကြပြီး စိတ်ဆင်းရဲမှုတွေများစွာပေးစွမ်းကြတတ်ပါသေးတယ်။

သားသမီးတွေကို မိမိဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ မိဘတွေကတော့ သားသမီးတွေသူတို့အပေါ်ဘယ်လောက်ပဲဆိုးသွမ်းနေပါစေ ၊ စိတ်ဆင်းရဲအောင်ဘယ်လောက်ပဲလုပ်နေပါစေ ၊ ငါ့သားလေး လမ်းမှားရောက်တော့မှာပဲ၊ ငါ့သမီးလေး ဒုက္ခတွေနဲ့တွေ့တော့မှာပဲ ဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ အမြဲလမ်းမှန်ရောက်အောင် သွန်သင်ဆုံးမတတ်သူတွေပါပဲ။ 

လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း မိခင်တွေဟာ အကောင်းဆုံးသိတတ်နားလည်သူတွေပါပဲ လို့အမည်ပေးထားတဲ့ short movie လေးတစ်ခုမှာ ကြည့်ရှုသူ ၁၆ သန်းကျော်လောက်ရှိနေပြီး ကြည့်ရှုမိသူတိုင်းရဲ့နှလုံးသားကို ရိုက်ခတ်နိုင်စွမ်းတွေများစွာရှိနေပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ ဘာမှမစားဘဲ ဖုန်းကိုသာ အာရုံစိုက်နေတဲ့ သားလေးကိုအမေဖြစ်သူက ထမင်းစားဖို့ပြောလိုက်တဲ့အချိန်မှာ သားဖြစ်သူရဲ့တုန့်ပြန်မှုတွေက သူမရဲ့ရင်ထဲကိုလောင်ကျွမ်းစေခဲ့ပါတယ်။

သားဖြစ်သူဟာ မိခင်ကြီးမသိတဲ့ ခေတ်ပေါ်နည်းပညာအကြောင်းအတွေနဲ့ မိခင်ကြီးကို ဆက်တိုက်ဆိုသလိုမေးခွန်းတွေ ထုတ်နေခဲ့ပေမယ့် သားလေးအပေါ်အချစ်ကြီးလှတဲ့ မိခင်ကတော့ သားမေးတဲ့မေးခွန်းတွေကို အမေတစ်ခုမှမသိပါဘူး ။ ဒါပေမယ့် သားလေးရဲ့အကြောင်းကိုတော့ အမေကောင်းကောင်းသိပါတယ်။ ပြီးတော့ အမေတို့စားဖို့အတွက် စားသောက်စရာတွေဝယ်ဖို အမေဘယ်လိုအလုပ်ကျိုးစားရမလဲအမေသိပါတယ်။ မင်းအသက် 2 လသားအရွယ်လောက်က မင်းရောဂါတစ်ခုကိုပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ် အဲ့အချိန်မှာ မင်းအသက်ရှူတွေအရမ်းကျပ်ခဲ့မယ်ဆိုတာအမေသိပါတယ်။ အဲ့အတွက်ကြောင့် အမေအလုပ်တွေပိုကျိုးစားပြီး ပိုက်ဆံအများကြီးထပ်ရှာရမယ်ဆိုတာ အမေသိပါတယ်။ အမေအဲ့လိုလုပ်မှသာ သားလေးကို ပညာကောင်းကောင်းသင်ပေးနိုင်မှာလေ အမေအကုန်သိပါတယ် လို့ဖြေကြားခဲ့ပါတယ်။ 

အမေဖြစ်သူကမျက်ဝန်းအိမ်ထဲက မျက်ရည်လေးတွေ တစက်ပြီးတစက်ကျဆင်းရင်းဖြေကြားနေတာမြင်ရတော့ သားဖြစ်သူဟာလည်း ပါးစပ်အဟောင်းသားနဲ့ ခေါင်းငိုက်စိုက်ကျဆင်းသွားခဲ့ပြီး မိခင်ကြီးရဲ့ ကြီးမားလှတဲ့မေတ္တတရားကို နားလည်သဘောပေါက်သွားပုံက ကြည့်ရှုနေရင်းနဲ့တောင် မျက်ရည်လည်သွားစေနိုင်ပါတယ်။

ပရိသတ်တွေလည်း ကျေးဇူးကြီးမားလှတဲ့ မိဘတွေကို ရှိနေတုန်းတန်ဖိုးထားဂရုစိုက်ကြပါလို့ ပြောကြားရင်း ဒီဗီဒီယိုလေးကိုပါဖော်ပြပေးလိုက်ရပါတယ်။  

VIDEO CREDIT - MIRROR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။