နိုဝင်ဘာလ ၅ရက်နေ့မှာ ကလေးနေစဉ်ပျောက်ဆုံးသွားတဲ့ တစ်နှစ်ကျော်ကလေးငယ်လေးတစ်ဦးရဲ့ သတင်းကိုတော့ ပရိသတ်အချို့လည်း ကြားသိကြမယ်ထင်ပါတယ်။ မိဘရဲ့ ကွယ်ရာမှာ ကလေးနေစဉ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မိဘဖြစ်သူတွေကလည်း ကလေးပျောက်ကြော်ငြာများပြုလုပ်ရှာဖွေခဲ့ကြကြောင်းသိရပါတယ်။  

အဆိုပါ သားငယ်လေးကတော့ မောင်စောဇွဲပြည့်အောင်(ခ) ကျော်အဲမိုင်း ဖြစ်ပြီး အသက်ကတော့ တစ်နှစ်နဲ့ ခြောက်လ ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ကေးလငယ်လေးကို ၅ရက်နေ့က ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒီကနေ့ ၄ရက်မြောက်နေ့မှာပြန်လည်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။  

သားလေးရဲ့ အလောင်းကို ဒီမနက်ချောင်းတောင်တံတားဖက်ခြမ်း တံတားတိုင်သင်္ဘောဦးတွင်ညှိနေ၍ ကော့ကရိတ်မြို့ ပုလဲဖြူ ကယ်ဆယ်ရေးအဖွဲ့မှ ဆယ်ယူ၍ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ဆေးစစ်မှုခံယူပြီး မိဘနေအိမ်သို့သဂြိုလ်နိူင်ရန်ပို့ဆောင်ကူညီပေးခဲ့ပါကြောင်း သိရပါတယ်။ ငယ်ရွယ်နုပျိုတဲ့ သားသမီးတွေကို မျက်ကွယ်ရာမှာ ထားခြင်းကြောင့် ခံစားရတဲ့ မိသားစုပုံရိပ်လေးတွေကို ပြသရင်း ချစ်ပရိသတ်တွေလည်း ဂရုတစိုက်ချစ်ခင်နိုင်ကြပါစေ။

PHOTOS - MOE THET

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။