အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ နိုင်ငံထဲက လူအများကြား စဉ်းစားစရာတစ်ခုဖြစ်သွားစေနိုင်တဲ့ ကိစ္စတစ်ခုကို နိုဝင်ဘာလ ၇ ရက်နေ့ကထုန်ပြန်ခဲ့ပါတယ်။

ဒီသတင်းကတော့ ထရမ့်ဟာ နိုင်ငံရဲ့ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း ကြေညာခဲ့တာပဲဖြစ်ပါတယ်။  

ထရမ့်ကတော့ ဂျက်ဖ်ဆက်ရှင်ကို အမေရိကန် လွှတ်တော်ရွေးကောက်ပွဲတွေအပြီး နောက်နေ့မှာမှ ထုတ်မယ်ခဲ့တာဖြစ်တာကြောင့် ဘာကြောင့် ထုတ်ပယ်ခဲ့သလဲဆိုတာတော့ မထုတ်ပြန်ခဲ့ပါဘူး။

သို့ပေမယ့် အဲ့ဒီနေ့မနက်ပိုင်းကတော့ အိမ်ဖြူတော်ဝန်ထမ်း အကြီးအကဲ ဂျွန်ကယ်လီက ဂျက်ဖ်ဆက်ရှင်ကို ရာထူးကနေနုတ်ထွက်ဖို့ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့လည်းသိရပါတယ်။ 

ယခုထုတ်ပယ်ခံခဲ့ရတဲ့ ဂျက်ဖ်ဆက်ရှင်ကတော့ အရင်ကသမ္မတထရမ့်ကိုထောက်ခံသူတစ်ဦးဖြစ်ခဲ့သလို 2016 ရွေးကောက်ပွဲက ရုရှားဝင်စွက်ဖက်မှု စုံစမ်းရေးမှာတော့ ကိုယ်လွတ်ရုံးခဲ့ပြီး သမ္မတထရမ့်ကို ဆန့်ကျင်ခဲ့သူတစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

SOURCE -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။