ပြည်သူချစ် မင်းသားနေတိုးကတော့ ညီလေးမင်းသွေး ကွယ်လွန်ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားခဲ့ပေမယ့် လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပါပြီ..။

ချစ်ရတဲ့ ပရိသတ်တွေအတွက် ကျရာကာရိုက်တာတွေကိုပီပြင်ဖို့အတွက် ဘယ်လိုအခက်အခဲတွေပဲရှိရှိ အမြဲကြိုးစားလေ့ရှိတဲ့ အနုပညာကိုချစ်မြတ်နိုးတဲ့ စိတ်ထားတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ ထိပ်တန်းမင်းသားတစ်ဦးဆိုလည်း မမှားပါဘူး..။

အခုလတ်တလောမှာလည်း "ဦးတိုးကြီးသားအလတ်ကောင်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီမင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့အတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်..။

ရိုက်ကွင်းပေါ်က ဒဏ်ရာရတဲ့ ပုံရိပ်တစ်ချို့ကိုလည်း အမှတ်တရအဖြစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားသလို ပီပြင်တဲ့ သရုပ်ဆောင်ဇာတ်ဝင်ခန်းကြောင့်လည်း ပရိသတ်တွေက စိတ်ပူသွားခဲ့ပါသေးတယ်..။

"ကွဲပြဲတာလောက်ကတော့ အလတ်ကောင်တို့ကစာဖွဲ့မနေတော့ပါဘူး.." ဆိုပြီး ဒဏ်ရာရတဲ့ပုံလေးတွေနဲ့ ရိုက်ကွင်းပေါ်က ဇာတ်ဝင်ခန်းတချို့တွေကိုလည်း ပြန်လည်မျှဝေထားတာဖြစ်ပြီး ဒဏ်ရာရတဲ့ ပုံရိပ်လေးတွေကလည်း ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုသာဖြစ်တာမို့ ပရိသတ်ကြီးတွေလည်း စိတ်မပူပါနဲ့နော်..။

ပရိသတ်အချစ်တော် နေတိုးကတော့ ဇာတ်ရုပ်တွေကို ကျွမ်းကျင်စွာ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် တည်ငြိမ်ပြီးချောမောခန့်ညားကာ ယောကျၤားပီသတဲ့ ဥပဓိရုပ်ရည်ကို ပိုင်ဆိုင်ထားသလို ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေအပေါ်ရင်းနှီးနွေးထွေးစွာ ဆက်ဆံတတ်တဲ့ လေးစားချီးကျူးစရာ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုအားပေးနေကြရတာပဲ ဖြစ်ပါတယ်..။

Photo - နေတိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။