ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရွှေစုံတွဲလေးနှစ်ယောက် နေပြည်တော်မှာမင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီး အချစ်ကမ္ဘာလေးကို တည်ဆောက်လိုက်ကြပြီပဲဖြစ်ပါတယ်။ လာမယ့် 11 ရက်နေ့မှာ မင်္ဂလာပွဲကျင်းပမှာ ဖြစ်ပြီး တကယ့်ကိုပျော်ရွှင်စရာဘဝလေးကို တည်ဆောက်တော့မှာပဲဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင်လည်း မှော်ဘီ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ နှစ်ယောက်အတူအလှူလေးပြုနေတာပဲဖြစ်ပါတယ်။

ဘာပကာသနမှမပါတဲ့ ရိုးရိုးရှင်းရှင်း မင်္ဂလာလက်မှတ်ထိုးပွဲလေးဟာ တကယ့်ကိုကြည်နူးစရာအတိနဲ့ အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုလက်မှတ်ထိုးပွဲလေးအပြီးမှာတော့ ရွှေထူးတစ်ယောက် သဲကို ကမ်းခြေမှာ လက်ထပ်ခွင့်တောင်းတဲ့ Video လေးဟာလည်း အတော်လေးရေပန်း စားခဲ့ပါသေးတယ်။

ဒီကနေ့မှာတော့ရွှေထူးတစ်ယောက် နှစ်ယောက်တွဲပုံရိပ်လေးကို " ချစ်တယ် " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ အင်္ကျ ီဆင်တူလေးနဲ့ နှစ်ယောက်သားက အရမ်းကိုလိုက်ဖက်လွန်းနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွဲလက်တွေခိုင်ခိုင်မြဲပြီး ရာသက်ပန်ပျော်ရွှင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။